Healthy Life Ad
Health Tips

ပိန်သွယ်လွန်းသူတို့အတွက် ကိုယ်အလေးချိန် အမြန်တက်စေမည့် စူပါအစာ ၁၀ မျိုး

မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်အလေးချိန်က အရပ်အမောင်းအလိုက် ရှိသင့်တဲ့ အချိုးအစားဖြစ်ဖို့ လိုပါတယ်။ ကိုယ်အလေးချိန်က များလွန်းရင်လည်း ကျန်းမာရေးနဲ့ မညီညွတ် သလို ပိန်လွန်းရင်လည်း နုံးချည့်ညောင်းညာတာ၊ သွေးအားနည်းတာ၊ စွမ်းအင်နည်းတာ စတဲ့ ဝေဒနာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် အနည်းငယ်မြင့်တက်ပြီး ကြံ့ခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်ဖြစ်လာစေဖို့ စားသင့်တဲ့ အစာတွေရှိပါတယ်။

(၁) အချိုစာများ

အမည်းရောင် ချောကလက်၊ ရေခဲမုန့်နဲ့ ကိတ်မုန့်တွေမှာ ကယ်လိုရီပါဝင်မှု များတာကြောင့် ကိုယ်အလေးချိန် မြင့်တက်စေပါတယ်။ အချိုစာကို အသင့်အတင့် စားဖို့ သတိပေးချင်ပါတယ်။ သကြား၊ နို့နဲ့ တခြားချိုတဲ့ အရာတွေ ပါဝင်တဲ့ ဒီသရေစာတွေ က ကိုယ်အလေးချိန်တက်တာ မြန်သလို အလွန်အမင်း စားရင် ကျန်းမာရေး ထိခိုက်စေနိုင်လို့ပါ။

(၂) အခွံမာသီးများ

မြေပဲ၊ သစ်ကြားသီး၊ သီဟိုဠ်စေ့တွေလို ကြိတ်ဝါးနိုင်တဲ့ သရေစာမှာ အဆီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှု များပါတယ်။ ဒါကြောင့် နှလုံး ကျန်းမာစေပြီး ကိုယ်အလေးချိန် မြင့်တက်စေပါတယ်။ အခွံမာသီးတွေမှာ မရှိမဖြစ် အဆီ ပါဝင်တာကြောင့် ပိန်သွယ်တဲ့ သူကို ကိုယ်အလေးချိန် မြန်မြန် မြင့်တက်စေပါတယ်။

(၃) ကောက်နှံတစ်ခုလုံးအစာများ

ဆန်လုံးညို၊ ကွေကာ၊ ခေါက်ဆွဲညို၊ ပေါင်မုန့် ညို စတဲ့ ကောက်နှံတစ်ခုလုံးအစာမှာ အာဟာရဓာတ် ပါဝင်မှုများပါတယ်။ ဆန်လုံးညို ဒါမှမဟုတ် ထမင်းညိုမှာ ကာဗိုဟိုက်ဒရိတ် ပါဝင်တဲ့အတွက် ကြွက်သား တွေကို သန်စွမ်းစေပါတယ်။

(၄) နို့နှင့် နို့ထွက်ပစ္စည်းများ

နွားနို့နဲ့ ဒိန်ခဲလို နို့ထွက်ပစ္စည်းတွေမှာ ကယ်လ် ဆီယမ်၊ ပရိုတင်းနဲ့ အဆီတို့ ကောင်းစွာ ပေါင်းစပ် ပါဝင်နေပါတယ်။ ဒီအစာတွေက ကြွက်သားသန်စွမ်း စေပြီး ကိုယ်အလေးချိန် မြင့်တက်စေတဲ့ အစာတွေပါ။

(၅) ထောပတ်

ထောပတ် ငါးဂရမ်ပါ တစ်ခွက်မှာ ၃၆ ကယ်လိုရီ ပါဝင်ပါတယ်။ မြေပဲထောပတ်မှာ ကယ်လိုရီအပြင် ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြား ရောဂါကာကွယ်နိုင်တဲ့ အာဟာရဓာတ်တွေလည်း ပါဝင်မှုရှိပါတယ်။

(၆) တိရစ္ဆာန်အသားများ

အနီရောင်အသားနဲ့ အဖြူရောင်အသားတွေလို တိရစ္ဆာန်ထွက်အသားတွေ စားတာကြောင့် ပရိုတင်း ဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုများပြီး အဆီပါဝင်မှု နည်းပါတယ်။ အမဲသားလို အနီရောင်အသားမှာ ကယ်လိုရီနဲ့ အဆီပါဝင်မှု များပါတယ်။ အဖြူရောင် အသားစားရင် ကြွက်သားတွေကို သန်စွမ်းစေပြီး ကိုယ်အလေးချိန် မြင့်တက်စေပါတယ်။

(၇) ငှက်ပျောသီး

ငှက်ပျောသီးက ကိုယ်အလေးချိန် မြင့်တက်စေတဲ့ သစ်သီးပါ။ ငှက်ပျောသီး အလုံးကြီး တစ်လုံးမှာ ၁၂၀ ကယ်လိုရီပါဝင်ပြီး ပိုတက်ဆီယမ်နဲ့ တခြား သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။

(၈) သစ်သီးဖျော်ရည်

သစ်သီးဖျော်ရည်စစ်စစ်မှာ ကယ်လိုရီ ပါဝင်မှု များတာကြောင့် ကိုယ်အလေးချိန် မြင့်တက်စေပါတယ်။ သစ်သီးဖျော်ရည် တစ်ဖန်ခွက်မှာ ကယ်လိုရီ ၅၇ ပါဝင်တဲ့အပြင် သင့်ခန္ဓာကိုယ်ကို ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ရရှိစေပါတယ်။

(၉) အာလူးထောင်း

အာလူးမှာ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းဓာတ် ပါဝင်မှုများတဲ့အတွက် စားသင့်ပါတယ်။ အာလူး ထောင်းစားတာက ကျန်းမာရေးနဲ့ ညီသလို ကိုယ်အလေးချိန် မြင့်တက်စေပါတယ်။ အာလူးက ဆူမိုနပန်း သမားတွေရဲ့ တစ်နေ့တာအစာထဲမှာ မပါမဖြစ် ပါဝင်တဲ့ အစာလည်း ဖြစ်ပါတယ်။

(၁၀) ဥအမျိုးမျိုး

ဥအမျိုးမျိုးက တစ်နေ့တာ စတင်ရာမှာ အစား သင့်ဆုံး အစာဖြစ်ပြီး ကယ်လိုရီများတဲ့ ကြက်ဥ၊ ဘဲဥ စားတာကြောင့် သင့်ကို သတ္တုဓာတ်၊ အဆီဓာတ် နဲ့ ပရိုတင်းဓာတ်တွေကို ရရှိစေပါတယ်။ ဒါ့အပြင် ဦး နှောက်နဲ့ အထွေထွေ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပြီး ကိုယ်အလေးချိန် မြင့်တက်လာအောင် ကူညီပေးပါတယ်။

Most Popular

Healthy Life Ad
To Top