Healthy Life Ad
Health Tips

ဂရိတ်ဖရုသီးနှင့် လိမ္မော်သီးများများစားခြင်းဖြင့် အမျိုးသမီးများတွင် လေဖြတ်နိုင်ခြေ ၁၉ ရာခိုင်နှုန်း လျော့ကျနိုင်

၊ ZKO ၊

ချဉ်တဲ့ သစ်သီးတွေမှာပါတဲ့ ဖလေဗနွိုက်ကြောင့် အဲဒီသစ်သီးတွေကို စားသုံးတဲ့ အမျိုးသမီးတွေက လေဖြတ်နိုင်ခြေ သိသိသာသာလျော့ကျစေတယ်လို့ အမေရိကန်နှလုံးအဖွဲ့အစည်းဂျာနယ်လေ့လာမှုအရ သိရပါတယ်။

ဂရိတ်ဖရုသီးနဲ့ လိမ္မော်သီးများများစားသုံးတဲ့ အမျိုးသမီးတွေကချဉ်တဲ့ အသီးအနှံတွေကို ပုံမှန်စားသုံးလေ့ မရှိသူတွေထက် လေဖြတ်နိုင်ခြေ ၁၉ ရာခိုင်နှုန်းလျော့ကျစေတယ်လို့ သိရပါတယ်။ ချဉ်တဲ့အသီးအနှံတွေမှာပါတဲ့ ဖလေဗနွိုက်က ဖိုင်တိုကမ်မီကယ်တွေဖြစ်ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို အနီရောင်နဲ့ အဝါရောင်ဖြစ်စေပါတယ်။

ဖလေဗနွိုက်ပါဝင်မှုများတဲ့ အပင်ထွက်အစာတွေက ချဉ်တဲ့ အသီးအနှံတွေ၊ ဘယ်ရီသီး၊ ကြက်သွန်နီ၊ လက်ဖက်စိမ်း လက်ဖက်ရည်၊ ခေါက်ဆွဲ၊ အညိုရောင်ချောကလက်နဲ့ ဝိုင်နီတို့ဖြစ်ကြပါတယ်။

(Ref;HT)

Most Popular

Healthy Life Ad
To Top