Healthy Life Ad
Health Tips

အအေးမိဝေဒနာ သက်သာစေမည့် ကြက်သွန်ဖြူပျားရည်စိမ်

လရိပ်မေ

….* လိုအပ်သော ပစ္စည်း *….

(၁) ပျားရည်စစ်စစ် တစ်ခွက်၊

(၂) ကြက်သွန်ဖြူ ၁၀ မြွှာ (ဒါမှမဟုတ် သင် ကြိုက်တဲ့ ဆေးဖက်ဝင် အပင်ထွက်ပစ္စည်း)

# ပြုလုပ်နည်း

– ရေအနည်းငယ်ကို ပွက်တဲ့အထိ တည်ပါ။

– ပြီးရင် ပျားရည် တစ်ခွက်ထည့်ပါ။

– ပျားရည်ထဲ ကြက်သွန်ဖြူထည့်ပြီး သေချာ မွှေကာ ဆူပွက်အောင် တည်ပါ။

– မီးဖိုပေါ်ကချကာ အအေးခံပါ။

– အေးသွားမှ ရေကရားထဲ ထည့်ပြီး နည်းနည်းစီ သောက်ပေးပါ။

အခုလို အေးမြတဲ့ ရာသီမှာ ကြက်သွန်ဖြူ ပျားရည်စိမ်ကို သောက်သုံးပေးတာကြောင့် အအေးမိဝေဒနာ၊ ချောင်းဆိုးတာ၊ တုပ်ကွေးဖြစ်တာနဲ့ တခြား အသက်ရှူလမ်းကြောင်း ဝေဒနာတွေ ကင်းဝေးစေပါတယ်။

ပျားရည်က ဘက်တီးရီးယားပိုးတွေကို သေစေတဲ့အစွမ်းရှိပြီး ကူးစက်ပိုးမဝင်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် အခုလိုအချိန်မှာ မှီဝဲသင့်တဲ့ ကိုယ်ခံအားစနစ် ကောင်းစေတဲ့အရာပါ။

ကြက်သွန်ဖြူပျားရည်စိမ် သောက်တာကြောင့် ကိုယ်ခံအားစနစ်ကို ပိုကောင်းစေပြီး ခန္ဓာကိုယ်ကနေ ကူးစက်ပိုးတွေကို တွန်းလှန်နိုင်စွမ်း မြင့်မားစေပါတယ်။

Most Popular

Healthy Life Ad
To Top