Healthy Life Ad
Life Style

၀ဋ်ဆိုတာ လည်တတ်တဲ့ သဘောရှိတယ် . . .

စူး (ဆေးဝါးတက္ကသိုလ် )

တစ်ခါတုန်းက အလွန်ရက်စက်ပြီး မမျှတတဲ့ ဘုရင်ကြီးတစ်ပါး ရှိခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့ကျတော့ တိုင်းသူပြည်သားအားလုံး အံ့အားသင့်သွားစေမယ့် ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။
” နောက်ထပ် ရက်စက်မှုမရှိတော့ဘူး၊ နောက် ထပ်မမျှတမှုမရှိတော့ဘူး”

အဲဒီလို ကတိပေးခဲ့ပြီးနောက် သူ့စကားအတိုင်း တိုင်းသူပြည်သားအားလုံးအပေါ် ကောင်းaကာင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်။ နောက်ဆုံးမှာ သူ့ကို ” နူးညံ့တဲ့ဘုရင် ” အဖြစ် အသိအမှတ်ပြုခဲ့ ကြပါတယ်။ ဘုရင်ကြီး စိတ်ထားပြောင်းပြီးနောက် လပိုင်းအတွင်း သူ့ဝန်ကြီးတစ်ဦးက ဘုရင်ကြီးကို ဘယ်အရာက သူ့ကို ပြောင်းလဲသွားစေတာလဲနဲ့ သူ့နှလုံးသားကို ဘယ်အရာက ပြောင်းလဲစေတာလဲ ဆိုတာကို မေးမြန်းခဲ့ပါတယ်။

” အမဲလိုက်သွားခဲ့တုန်းက အဖြစ်အပျက် လေးတစ်ခုကို ပြောပြရမှာပါပဲ။
မြေခွေးတစ်ကောင်ကို အမဲလိုက်ခွေးက လိုက်ဖမ်းတာတွေ့ခဲ့ရတယ်။ မြေခွေးက ဂူပေါက်ထဲကနေ လွတ်မြောက်တော့မလိုနဲ့ အမဲလိုက်ခွေး က သူ့ခြေထောက်လှမ်းကိုက်တာကို ခံလိုက်ရတယ်။

နောက်တော့ ငါရွာတစ်ရွာ ရောက်သွားတဲ့အခါ အဲဒီအမဲလိုက်ခွေးကိုတွေ့ခဲ့ရတယ်။ အဲဒီ ခွေးက လူတစ်ယောက်ကို ဟောင်လိုက်တော့ အဲဒီ လူက ကျောက်တုံးကြီးတစ်တုံးနဲ့ ကောက်ပေါက်လိုက်တာ ခြေထောက်ကို မှန်သွားခဲ့တယ်။
အဲဒီလူလည်း ဝေးဝေးကို မသွားနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြင်းတစ်ကောင်က ကန်တာ ခံလိုက်ရတယ်လေ။ သူ့ဒူးအထိနာပြီး မြေပြင်ပေါ်လဲကျသွားခဲ့တယ်။ ဘဝတစ်လျှောက်လုံး မသန် စွမ်းဘဝနဲ့ နေရမှာပါပဲ။
မြင်းကလည်း ပြေးဖို့ ကြိုးစားပေမယ့် တွင်းတစ်ခုထဲပြုတ်ကျပြီး ခြေထောက်ကျိုးသွားခဲ့ပြန် တယ်။

ဒီအဖြစ်အပျက်အားလုံးကို တွေ့လိုက်ရတော့ မကောင်းတာပြုရင် ဝဋ်ဆိုတာ လည်စမြဲပဲဆိုတာ သိခဲ့ရတယ်။ ငါလည်း မကောင်းမှုတွေ ဆက်လုပ်နေမယ်ဆိုရင် အဲဒီမကောင်းတဲ့ အကျိုးဆက်ကို ပြန်ခံရမှာ ကျိန်းသေပဲလေ . . ဒါကြောင့် ငါပြောင်း လဲဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်ခဲ့တာ . .”
စာစုက ပေးချင်သော သင်ခန်းစာ

ကံ ကံ၏အကျိုးဆိုသလိုပါပဲ။ ကျွန်မတို့တခြား သူကိုပေးတဲ့အတိုင်း ကောင်းကျိုး၊ ဆိုးကျိုးကို ပြန်ရမှာပါ။ တခြားသူအပေါ်ကောင်းရင် အကောင်းတွေ ဖြစ်လာပါလိမ့်မယ်။ တခြားသူအပေါ် ဆိုးရင် မကောင်းတာတွေ တန်ပြန်လာမှာပါပဲ။

Most Popular

Healthy Life Ad
To Top