Healthy Life Ad
Life Style

ရုပ်ဆိုးတဲ့ ဘဲလေး …

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လယ်သမားတစ်ဦးမှာ ဘဲမလေးတစ်ကောင် ရှိပါတယ်။ ဘဲမလေးက တစ်နေ့မှာ ဥ ၁၀ ဥ ဥခဲ့ပါတယ်။ ဥ ၁၀ ကပေါက်လာတဲ့ ဘဲပေါက်စလေးတွေမှာ ၉ ကောင်က မိခင်ဘဲမလေးနဲ့တူပြီး ချောမောလှပကြတယ်။ ကျန်တဲ့ ဘဲတစ်ကောင်ကတော့ ကြီးပြီး အရောင်ကလည်း အညိုရောင်သမ်းနေသတဲ့။ တခြားဘဲပေါက်လေး ၉ ကောင်က ရုပ်ဆိုးတဲ့ ဘဲလေးကို စနောက်ကျီစယ်ကြတာပေါ့။

တစ်နေ့တစ်နေ့ စနောက် ကျီစယ်မှုခံရလွန်းလို့ သနားစရာကောင်းတဲ့ ဘဲလေးက လယ်ကွင်းထဲမှာ မပျော်ပိုက်တော့ဘဲ အနီးနားကမြစ်ထဲကို ပြေးဆင်းသွားခဲ့ပါတော့တယ်။ မြစ်ထဲမှာ လှပတဲ့ ငန်းလေးတစ်ကောင်ကို မြင်တွေ့ခဲ့ရပါတယ်။ သူဟာ ငန်းလေးကို ဆုံးရှုံးလွတ်ထွက်သွားမှာစိုးလို့ မြစ်ထဲပြေးဆင်းသွားချင်စိတ် ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ မြစ်ထဲကို သူငုံ့ကြည့်လိုက်တဲ့အခါ အရောင်ပြန်ပြီး မြင်လိုက်ရတာက သူဟာ ရုပ်ဆိုးတဲ့ ဘဲတစ်ကောင်မဟုတ်ဘဲ လှပတဲ့ ငန်းလေးတစ်ကောင်ဖြစ်နေတာပါပဲ။

ဒီစာစုကပေးချင်တဲ့ သင်ခန်းစာကတော့ ဘယ်သူတွေနဲ့မတူလို့ စိတ်ပျက်ဝမ်းနည်းစရာမလို၊ တခြားသူတွေက ပြစ်တင်ရှုံ့ချလို့ စိတ်ညစ်စရာမလို သင်က သင့်နည်းသင့်ဟန် သင့်ပုံစံအတိုင်း လှပတင့်တယ်နေတယ်လို့ ဆိုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top