Healthy Life Ad
Life Style

အလုပ်လုပ်ဖို့ အချိန်ဆွဲနေတတ်သူများအတွက် . . .

ကိုထက်

– အဟန့်အတားများကို ဖယ်ရှားပါ

ဆဲလ်ဖုန်း၊ ကွန်ပျူတာ၊ ဖေ့စ်ဘွတ်ခ်၊ တီဗီစတာတွေကိုပိတ်ပြီး အလုပ်စလုပ်ပါ။

– နားကြပ်တပ်ပြီး သီချင်းနားဆင်ပါ

သီချင်းအေးအေး ချိုချိုလေးတွေကို နားဆင်တာက ဆူညံသံတွေနဲ့ ဘေးပတ်ဝန်းကျင် အနှောင့်အယှက်တွေ ကင်းရှင်းစွာ အလုပ်လုပ်ကိုင်နိုင်စေပါတယ်။

– အချိန်ကန့်သတ်ချက်ထားရှိပါ

အလုပ်လုပ်တဲ့အချိန်ကို ကန့်သတ်ထားရှိပါ။ နားရမယ့်အချိန်ကိုလည်း သိနားလည်ပါ။

– စွမ်းအင်စက်ဝန်းကို သိနားလည်ပါ

လန်းဆန်းတက်ကြွနေချိန်မှာ အလုပ်လုပ်ပါ။ မောပန်းနွမ်းနယ်နေချိန်မှာ အလုပ်မလုပ်ပါနဲ့၊ အိပ်စက်အနားယူပေးရပါမယ်။

– အကူအညီတောင်းပါ

သင်လုပ်ရမယ့် အလုပ်တွေနဲ့ ပတ်သက်ပြီး တစ်ယောက်တည်းမနိုင်ရင် လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းကို အကူအညီတောင်းပါ။

– ကိုယ့်ကိုယ်ကိုယ် ဆုပေးပါ

အလုပ်တွေပြီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ခဏတာအနားပေးတဲ့နည်း၊ ကိုယ်လုပ်ချင်တာလေး (ဥပမာ ဖေ့စ်ဘွတ်ခ်သုံးခြင်း၊ တီဗီကြည့်ခြင်း)တွေနဲ့ ဆုပေးလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top