Healthy Life Ad
Health Tips

သွယ်လျလှတဲ့ ခြေတံပိုင်ဆိုင်လိုတယ်ဆိုရင် . .

၊ လရိပ်မေ ၊

ဘယ်မိန်းကလေးမဆို သွယ်လျလှပတဲ့ခြေတံတွေကို ပိုင်ဆိုင်ချင်ကြမှာပါ။ ခြေသလုံးက သွယ်လျလှပကြည့်ကောင်းနေရင် ဘောင်းဘီတို၊ စကပ်တို၊ ဂါဝန်တိုတွေဝတ်တိုင်း ဆွဲဆောင်မှုရှိနေပါလိမ့်မယ်။

– ကိုယ်အလေးချိန်ပေါင်အပိုကို လျှော့ချပါ

အဝလွန်နေရင် ကိုယ်အလေးချိန်ပေါင်အပိုကို လျှော့ချလိုက်ပါ။ တစ်နေ့မှာ ၂၀ – ၃၀ မိနစ်ကြာနဲ့ တစ်ပတ်မှာအနည်းဆုံး ငါးကြိမ်လေ့ကျင့်ခန်းလုပ်ပေးရင် ကိုယ်အလေးချိန်ကျစေပြီး ခြေတံတွေကို သွယ်လျကြည့်ကောင်းလာစေပါတယ်။

– ခြေထောက်လေ့ကျင့်ခန်းများ လုပ်ဆောင်ပါ

ခြေသလုံးကြွက်သားတွေ ထိရောက်မှုရှိစေမယ့် စက်ဘီးစီးတာ၊ ကြိုးခုန်တာစတဲ့ လေ့ကျင့်ခန်းတွေအပြင် ဆောင့်ကြောင့်ထိုင်တဲ့လေ့ကျင့်ခန်းကိုပါ လုပ်ဆောင်ပေးရပါမယ်။

– ခြေသလုံးအသားအရေကို အစိုဓာတ်ထိန်းပါ

ခြေသလုံးအသားအရေက ကြမ်းတမ်းခြောက်သွေ့ပြီး အသားပပ်နေရင် အစိုဓာတ်ထိန်းနိုင်တဲ့ လိုးရှင်းလိမ်းပေးပါ။ ရေချိုးပြီးချိန်လုပ်ပေးတာ အထိရောက်ဆုံးဖြစ်ပါတယ်။

– ခြေထောက်ကို နှိပ်နယ်ပါ

ခြေသလုံးကြွက်သားတွေကို နှိပ်နယ်ပေးတာက သွေးလှည့်ပတ်မှုကောင်းစေပြီး သွေးကြောထုံးကို ဖယ်ရှားပေးနိုင်ပါတယ်။ ရနံ့ဆီလိမ်းပြီး ခြေသလုံးကို နှိပ်နယ်ပေးသင့်ပါတယ်။

– မလိုအပ်သော အမွှေးအမှင်များ ဖယ်ရှားပါ

ခြေထောက်ကချောမွေ့ပြီး အမွေးအမှင်ကင်းစင်နေဖို့ လိုအပ်ပါတယ်။ လေဆာနည်းနဲ့ အမွှေးအမှင်ဖယ်ရှားတာကြောင့် ရေရှည်မှာသိသာတဲ့ ကောင်းကျိုးရပေမယ့် ငွေကုန်ကြေးကျများပါတယ်။ အမွှေးရိတ်တာနဲ့ ဖယောင်းသွင်းတာတို့က ငွေကုန်ကြေးကျသက်သာပေမယ့် ရေရှည်မခံပါဘူး။

– ခြေဖဝါးကို သတိရပါ

ခြေထောက်အပြင် ခြေဖဝါးကို ဆားရေထဲထည့်စိမ်တာနဲ့ နှိပ်နယ်တာတို့ လုပ်ဆောင်ပေးပါ။ ဒီနည်းတွေက ခြေဖနောင့်အရေပြား ခြောက်သွေ့အက်ကွဲတာကို ကင်းစင်စေပါတယ်။

Most Popular

Healthy Life Ad
To Top