(၁) ဆူညံသံတွေ ကြားရတဲ့အခါ၊ ဆူညံသံတွေရှိတဲ့ လုပ်ငန်းခွင်ထဲသွားလာ လုပ်ကိုင်ရတဲ့အခါ နားကြပ် ဒါမှမဟုတ် နားအကာကို အမြဲအသုံးပြုပါ။
(၂) နားကြပ်အသုံးပြုတဲ့အခါဆူညံသံ လျော့ကျစေမယ့် လုပ်ငန်းခွင်သုံးနားကြပ်အမျိုးအစားကို အသုံးပြုပါ။
(၃) ဖြစ်နိုင်ရင် ကျယ်လောင်တဲ့ ဆူညံသံနဲ့အချိန်ကြာကြာ မထိတွေ့ပါစေနဲ့။
(၄) နားသန့်ရှင်းရေးလုပ်တဲ့အခါ အမြဲသတိထားပါ။ နားကိုက်တာ၊ နားနာကျင်တာတွေဖြစ်ရင် နား၊ နှာခေါင်း၊ လည် ချောင်းအထူးကုဆရာဝန်ဆီ သွားပြသင့်ပါတယ်။