Healthy Life Ad
Health Tips

နှလုံးကျန်းမာရေးအတွက် သိထားသင့်သည်များ

နှလုံးသွေးကြောကျဉ်းရောဂါက အမျိုးသမီးတွေကို အသက်အန္တရာယ်ထိခိုက်စေတဲ့ ထိပ်တန်းရောဂါတစ်မျိုးပါ။

သင်ရဲ့စားသောက်တဲ့ပုံစံကို ပြောင်းလဲလိုက်တာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အဲဒီအတွက်တစ်နေ့မှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံကို ရှစ်ကြိမ်စားရပါမယ်၊ တိရစ္ဆာန်အဆီနဲ့ အခန်းအပူချိန်မှာ ခဲသွားတဲ့ဆီတွေကို ရှောင်ရပါမယ်၊ ထပ်ခါတလဲလဲပြန်ကြော်ထားတဲ့ ပြန်ကြော်ဆီကို ရှောင်ကြဉ်ရပါမယ်။

ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်တာက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်စေတဲ့ အဓိကအန္တရာယ်ဖြစ်လို့ပါ။

လေ့ကျင့်ခန်းလုပ်ပါ။ တစ်နေ့မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ပေးရုံနဲ့ ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးနိုင်မှာဖြစ်သလို စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top