Healthy Life Ad
Health Tips

သင့်ကလေးကို အမြဲကျန်းမာစေမည့် ထိပ်တန်းအစာများ

၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊
သင့်ကလေးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာကျွေးဖို့ ဘယ်တော့မှစောလွန်းတယ်လို့မထင်ပါနဲ့။ မိသားစုထမင်းဝိုင်းမှာ ကလေးကိုဝင်ပါစေပြီး ဒီနေ့ကစတင်ကာ သင့်ကလေးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာတွေကျွေးလိုက်ပါ။

Untitled-8
– သစ်သီးဝလံ
ကလေးတွေက သစ်သီးတချို့ရဲ့ အရသာနဲ့အရောင်ကြောင့် မစားချင်ကြပါဘူး။ တကယ်တော့ သစ်သီးတွေမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့အတွက် အစားသင့်ဆုံးသရေစာပါ။ သစ်သီးခြောက်တွေက ကျန်းမာရေးအတွက်သင့်တော်ပေမယ့် လတ်ဆတ်တဲ့သစ်သီးတွေကိုမမှီပါဘူး။

Untitled-9
– ဒိန်ခဲ
မြေပဲထောပတ်လိုပဲ ဒိန်ခဲကလည်း ကလေးတွေအတွက်ကောင်းမွန်ပါတယ်။ ဒိန်ခဲမှာ ပရိုတင်းဓာတ်ပါဝင်တာကြောင့် ကြွက်သားတည်ဆောက်ရေးအတွက် လိုအပ်ပါတယ်။ ဒိန်ခဲမှာ ကယ်လ်ဆီယမ်သတ္တုဓာတ်လည်း ပါဝင်တာကြောင့် အရိုးနဲ့သွားတွေကို သန်စွမ်းစေပါတယ်။

Untitled-10
– ပြောင်းဖူးပေါက်ပေါက်
ကလေးအများစုက ပြောင်းဖူးပေါက်ပေါက်ကို သဘောကျကြပါတယ်။ သူတို့ကြိုက်တဲ့ ကာတွန်းကားကြည့်နေချိန်မှာ ကလေးတွေကပြောင်းဖူးပေါက်ပေါက် စားချင်ကြပါတယ်။ ဒါပေမဲ့ ဆိုဒီယမ်၊ သကြားနဲ့အရသာမှုန့်တွေ ပြည့်နှက်နေတဲ့ ပြောင်းဖူးပေါက်ပေါက်ကိုရှောင်ပါ။

Untitled-11
– ဟင်းသီးဟင်းရွက်များ
သင့်ကလေးက ဟင်းသီးဟင်းရွက်တွေကို နှစ်ခြိုက်စွာစားတတ်စေဖို့ အရုပ်ပုံစံတွေဖော်ပြီးကျွေးပါ။

Untitled-12
– ပဲသီး
ပဲသီးမှာ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်ဆိုတဲ့ အာဟာရဓာတ်နှစ်မျိုး ပါဝင်တဲ့အတွက် ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးတွေအတွက် အထူးသင့်တော်ပါတယ်။ ပဲသီး၊ ပဲနီလေး၊ ကုလားပဲ စတာတွေမှာ ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်တာကြောင့် ကလေးတွေကို နေ့စဉ်နေ့တိုင်း တက်ကြွလန်းဆန်းစေပါတယ်။

Untitled-13
– အခွံမာသီးနှင့် အစေ့အဆန်
သစ်သီးဝလံလိုပဲ အခွံမာသီးနဲ့ အစေ့အဆန်တွေမှာ ကြွက်သားသန်စွမ်းစေတဲ့ ပရိုတင်းဓာတ်နဲ့ အကျိုးပြုအဆီဓာတ်တွေ ပါဝင်ပါတယ်။

Untitled-14
– ပေါင်မုန့်ညို
ပေါင်မုန့်ညိုတင်မက အညိုရောင် ခေါက်ဆွဲ၊ ခရက်ကာမုန့်၊ ဆန်လုံးညို စတာတွေမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ များများပါဝင်တဲ့အတွက် သင့်ကလေးအတွက် အကောင်းဆုံးအစာဖြစ်ပါတယ်။

Untitled-15
– ငါး
သင့်ကလေး စားနေကျအစာထဲ ငါးပါဝင်အောင် ထည့်ကျွေးပါ။ ကလေးက ငါးကိုစားချင်စိတ် ပျောက် မသွားအောင် ငါးကင်ကျွေးတာ၊ ငါးကို ပေါင်းကျွေးတာ၊ ငါးကို ဟင်းရည်ထဲထည့်ချက်ကျွေးတာ စသဖြင့် ပုံစံအမျိုးမျိုးလုပ်ကျွေးသင့်ပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top