Healthy Life Ad
Health Tips

၀မ်းဗိုက်အဆီကို သဘာဝအတိုင်း ချေဖျက်ရအောင်

ကိုထက်

ဝမ်းဗိုက်အဆီတွေရှိတာက ကျန်းမာရေးအတွက်သာမက အလှအပကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းဗိုက်အဆီကို ကင်းဝေးစေပြီး ဝမ်းဗိုက်ကြွက်သား (Six Pack) ရှိလာစေမယ့် သဘာဝနည်းတွေကို အကြံပြုလိုက်ပါတယ်။

– အိပ်စက်မှု

တစ်နေ့ ၆-၇ နာရီခန့် ပုံမှန် အိပ်စက်လေ့ရှိသူတွေမှာ ဝမ်းဗိုက်အဆီ တိုးနှုန်း လျော့နည်းတတ်ပါတယ်။ အိပ်ရေးဝ၀ အိပ်စက်အနားယူတာကြောင့် အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက ကိုယ်နေဟန်ကိုလည်း ကြည့်ကောင်းစေပါတယ်။

– လေ့ကျင့်ခန်းလုပ်ခြင်း

ခပ်သွက်သွက်ပြေးတာ၊ လမ်းလျှောက်တာနဲ့ ရေကူးတာ စတဲ့ လေ့ကျင့်ခန်းတွေက ဝမ်းဗိုက်အဆီ လျော့ကျစေပြီး ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာကို စားပြီး ပုံမှန် လေ့ကျင့်ခန်း လုပ်တာကြောင့် အကောင်းဆုံး ရလဒ်ကို ရရှိစေပါတယ်။

– ယောဂကျင့်စဉ်

ယောဂကျင့်စဉ်ကို ပုံမှန်ပြုလုပ်တာကြောင့် ဝမ်းဗိုက်အဆီကို ကင်းစင်စေပါတယ်။

– ကျန်းမာရေးနှင့် ညီညွတ်သည့် နံနက်စာ

နံနက်စောစောမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နံနက်စာ စားတာကြောင့် တစ်နေ့တာလုံးမှာ ခန္ဓာကိုယ် ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို လှုံ့ဆော်ပေးပြီး အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်။

– အရည်သောက်သုံးမှု

အရည်များများ သောက်တာကြောင့် အစာ ကြေညက်စေပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေ ပါတယ်။

– ကောက်နှံတစ်ခုလုံးအစာ

ကောက်နှံ တစ်ခုလုံးအစာမှာ ပါတဲ့ မိုနိုမပြည့်ဝဆီကြောင့် ခန္ဓာကိုယ်ကနေ အဆီပိုတွေကို ကင်းစင် စေပါတယ်။ ဒါ့အပြင် ကျန်းမာရေးကို အကောင်းဆုံး ထိန်းထားနိုင်ပါတယ်။

– ဗာဒံစေ့

နံနက်စောစောမှာ ဗာဒံစေ့ ခြောက်စေ့ စားတာ ကြောင့် ပရိုတင်းဓာတ် ရရှိပြီး အဆီပိုတွေကို လောင် ကျွမ်းစေပါတယ်။

– လက်ဖက်စိမ်း လက်ဖက်ရည်

လက်ဖက်စိမ်း လက်ဖက်ရည်မှာ ပါဝင်တဲ့ ပိုလီ ဖီနောဓာတ်ဟာ ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး အဆီပိုတွေကို ကင်းစင်စေပါတယ်။

– ဘယ်ရီသီးများ

ဘယ်ရီသီးတွေက ဝမ်းဗိုက်အဆီကို လျော့ကျ စေပါတယ်။ နေ့စဉ် နေ့လယ် ၁၂ နာရီမတိုင်ခင် စတော်ဘယ်ရီသီး ဒါမှမဟုတ် ဘလူးဘယ်ရီသီး အနည်ဆုံး တစ်လုံး စားသင့်ပါတယ်။

– သံပရိုသီး

ကြက်သီးနွေးရေထဲ သံပရိုသီးထည့်ပြီး တစ်ခွက် သောက်တာကြောင့် ဝမ်းဗိုက်အဆီ လျော့ကျကာ ကျန်းမာရေး ကောင်းမွန်စေပါတယ်။

Most Popular

Healthy Life Ad
To Top