Healthy Life Ad
Life Style

နှုတ်လုံသစ္စာရှိတဲ့သူ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဆရာကမောင်မောင့်ကို အရုပ်သုံးရုပ်ပြပြီး ဘယ်လိုခွဲခြားမလဲဆိုတာမေးမြန်းခဲ့ပါတယ်။ အရုပ်သုံးရုပ်စလုံးကပုံစံတူ၊ အရွယ်တူပြီးလုပ်ထားတဲ့ ပစ္စည်းတွေလည်းအတူတူပါပဲ။ သေချာကြည့်ပြီးတဲ့အချိန်မှာ မောင်မောင်ဟာ အရုပ်တွေထဲကအပေါက်တွေကို သတိပြုမိသွားပါတော့တယ်။ ပထမအရုပ်ရဲ့နားထဲမှာအပေါက်ရှိပြီး ဒုတိယ အရုပ်မှာတော့ နားနဲ့ပါးစပ်ထဲမှာအပေါက်ရှိပါတယ်။ တတိယအရုပ်မှာတော့ နားတစ်ဖက်မှာပဲ အပေါင် တစ်ပေါက်တည်းရှိနေပါတယ်။

အဲဒီနောက်မောင်မောင်က အပ်လေးတစ်ချောင်းယူပြီး ပထမအရုပ်ရဲ့နားပေါက်ထဲ အပ်ထိုးထည့်လိုက်တော့တယ်။ အပ်ကတခြားနားတစ်ဖက်ကနေထွက်လာပါတယ်။

ဒုတိယအရုပ်မှာ နားထဲအပ်ထိုးထည့်လိုက်တော့ ပါးစပ်ကနေထွက်လာပါတယ်။

တတိယအရုပ်ကျတော့ အပ်ဝင်သွားတဲ့အခါ အပ်ကပြန်ထွက်မလာတော့ပါဘူး။

ပထမအရုပ်က သင်ပြောသမျှနားထောင်ပေးတတ်တဲ့၊ သင့်အတွက်အရာရာဖြစ်စေတဲ့၊ သင့်ကိုဂရုစိုက်စောင့်ရှောက်ပေးတဲ့ သင့်အနီးအနားကလူတွေကို ကိုယ်စားပြုပါတယ်။ ဒါပေမဲ့သူတို့ကဟန်ဆောင်နေတာပါ။ သင်ပြောသမျှနားထောင်ပြီး တခြားနားတစ်ဖက်ကနေ ပြန်ထွက်သွားတာပဲဖြစ်ပါတယ်။ ဒီလူတွေကသင်ဘာပြောပြော အလေးထားသူတွေမဟုတ်ကြပါဘူး။

ဒုတိယအရုပ်ကတော့ သင်ပြောသမျှအရာရာကို နားထောင်တတ်ပြီး သင့်ကိုဂရုစိုက်စောင့်ရှောက်ပေးတဲ့ သင့်ဝန်းကျင်ကလူတွေကို ကိုယ်စားပြုတာပါပဲ၊ ဒါပေမဲ့ ဒီလူတွေကတော့ သင်ပြောသမျှအရာရာကိုသုံးပြီး သင်နဲ့ မူဝါဒမတူတဲ့သူတွေကို သင့်အကြောင်းပြောပြတဲ့နည်းနဲ့ သူတို့ကိုယ်ကျိုးအတွက် အသုံးချသွားတတ်ပါတယ်။

တတိယအရုပ်ကတော့ အပ်ကဘယ်တော့မှ ပြန်ထွက်မလာပါဘူး။ ဒီလိုလူမျိုးတွေက သင်ယုံကြည်ထိုက်တဲ့သူပါ။ သင့်အတွက်စစ်မှန်တဲ့ မိတ်ဆွေကောင်းလည်းဖြစ်ပါတယ်။

စာစုကပေးချင်သော သင်ခန်းစာ
ဘဝခရီးမှာ ကိုယ့်အတွက်ယုံကြည်ထိုက်ပြီး သစ္စာရှိသူတွေနဲ့ အမြဲပေါင်းသင်းနေထိုင်သွားဖို့ အရေးကြီးပါတယ်။ သင်ပြောသမျှကိုသာနားထောင်ပြီး နှုတ်လုံသစ္စာရှိစွာ ထိန်းသိမ်းထားတတ်တဲ့သူနဲ့ ပေါင်းသင်းနေထိုင်နိုင်တာက သူတော်ကောင်းနဲ့ ခရီးသွားနေရတာပါပဲ။

Most Popular

Healthy Life Ad
To Top