Healthy Life Ad
Life Style

ဆိတ်နှစ်ကောင်ပုံပြင်…

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့မှာ ဆိတ်နှစ်ကောင်က မြစ်တစ်စင်းပေါ်က ကျဉ်းမြောင်းပြီး ကြံ့ခိုင်အားနည်းလှတဲ့ တံတားတစ်စင်းကိုဖြတ်ဖို့ ကြိုးစားကြတယ်။ ဆိတ်တွေသွားတဲ့ လားရာကမတူပါဘူး။ ဆိတ်တစ်ကောင်က တောင်အရပ်ကလာပြီး တစ်ကောင်က မြောက်အရပ်ကလာတယ်။ နောက်ဆုံးတော့ တံတားအလယ်မှာ သူတို့တွေ့ဆုံကြပါ လေရော။ ထုံးစံအတိုင်း “ငါအရင်ဖြတ်မယ်”၊ “သူအရင်ဖြတ်မယ်” ငြင်းခုန် ရန်ဖြစ်ကြတာပေါ့။ ဆိတ်တစ်ကောင်ဖြတ်တာကို နောက်တစ်ကောင်ကလည်း အလျှော့မပေးဘူး။ ဒီလိုနဲ့ တံတားအလယ်မှာ ငြင်းခုန်တိုက်ခိုက်ရန်ဖြစ်ကြရင်း ကြံ့ခိုင်အားမကောင်းလှတဲ့ တံတားက ကျိုးကျသွားပါလေရော . . ဆိတ်နှစ်ကောင်ခမျာလည်း မြစ်ထဲ ကျသွားတော့တာပေါ့လေ။

ဒီပုံပြင်လေးက ပေးချင်တဲ့ သင်ခန်းစာကတော့ တစ်ခါတလေ ဘဝမှာ ဒီလို ထိပ်တိုက်ကြုံ တွေ့လာတဲ့အခါ ခေါင်းမမာဘဲ သူတစ်ပါးကို အလေးထား ဦးစားပေးတတ်တဲ့ အကျင့်မွေးမြူသင့်ကြောင်း၊ အဲဒီလိုအကျင့်သာရှိမယ်ဆိုရင် သူကော ကိုယ်ပါ ရှင်သန်ခွင့်ရမှာဖြစ်ကြောင်း သိစေချင်တာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top