Healthy Life Ad
Health Tips

ကဖင်းပါသော အချိုရည်သောက်ခြင်းဖြင့် ရေရှည်တွင် ဆီးကျောက်တည်နိုင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အချိုရည် အထူးသဖြင့် ကဖင်း၊ Syrup ပါသည့် အချိုရည်သောက်သုံးခြင်းဖြင့် ရေရှည်တွင်ကျောက်ကပ်၌ ဆီးကျောက်တည်စေနိုင်ကြောင်း အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က Healthy Life ဂျာနယ်သို့ ပြောကြားသည်။

“ အထူးသဖြင့် ကဖင်းပါတဲ့အချိုရည်၊ Syrup ပါတဲ့အချိုရည် (ဥပမာ Fructose Syrup) တွေဆိုရင် ရေရှည်သောက်တဲ့အခါ ကျောက်ကပ်မှာ ဆီးကျောက်တည်နိုင်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါဖြစ်နှုန်း များလာပါတယ်။ အခုနောက်ပိုင်း လေ့လာမှုတွေအရ ကျောက်တည်တာကို တွေ့လာရပါတယ်” ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောသည်။

Gas ပါသော အမြှုပ်ထအချိုရည် သောက်သုံးခြင်းထက် ကဖင်း၊ Syrup ပါဝင်သည့် အချိုရည်သောက်သုံးခြင်းက ကျန်းမာရေးအန္တရာယ် ပိုများကြောင်းသိရသည်။

Most Popular

Healthy Life Ad
To Top