Healthy Life Ad
Health Tips

၅၀ အရွယ်တွင် သန်စွမ်းကြံ့ခိုင်နေရခြင်း လျှို့ဝှက်ချက်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အသက်ကြီးတယ်ဆိုတာ မလွဲမသွေ ကြုံရမယ့် ဖြစ်စဉ်ပါ။ အသက်ကြီးလာပေမယ့် သင့်မျက်နှာမှာ အရေးကြောင်းနဲ့ အရေပြားတွဲကျ တာတွေ မဖြစ် အောင် ကာကွယ်နိုင်တဲ့နည်းတူ ခန္ဓာကိုယ် သန်စွမ်း ကြံ့ခိုင်အောင်၊ အရိုးအဆစ်နဲ့ ကြွက်သားတွေ သန်စွမ်းနေအောင် လည်း လုပ်ဆောင်နိုင်ပါတယ်။ အသက် ၅၀ အရွယ် ရောက်လာပေမယ့် သင့်စိတ်ရော သင့်ခန္ဓာကိုယ်ပါသန်စွမ်းကြံ့ခိုင်နေစေမယ့် လျှို့ဝှက် ချက်တချို့ကို အကြံပြုလိုက်ပါတယ်။

(၁) ပိုတက်ဆီယမ်များများ မှီဝဲပါ
ကြွက်သားတွေ သန်စွမ်းဖို့ ပိုတက်ဆီယမ်လို အပ်ပါတယ်။ အသက်ကြီးလာတဲ့အခါ ကြီးထွားဟော် မုန်းနဲ့ တက်စတိုစတီရုန်း ကျားဟော် မုန်းအဆင့် လျော့ကျသွားတာကြောင့် ကြွက်သားထုထည်က အနည်းဆုံး ၁၀ ပေါင်လောက် လျော့ကျသွားတတ် ပါတယ်။ ပိုတက်ဆီ ယမ် များများမှီဝဲပေးရင် ကြွက်သားတွေကို အကောင်းဆုံးအခြေအနေမှာ ထိန်း ထားပေးနိုင်ပါတယ်။ ဒါကြောင့် ကန်စွန်းဥ၊ ဟင်းနုနယ် ရွက်၊ ပဲသီးနဲ့ ပဲအမျိုးမျိုးကို မဖြစ်မနေစားပေး သင့်ပါတယ်။

(၂) ဖြည်းဖြည်းချင်း စတင်ပါ
ဖြစ်နိုင်ရင် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင် ပေးပါ။ အစပိုင်းမှာ ဖြည်းဖြည်းနဲ့ မှန်မှန် လေ့ကျင့် ခန်းလုပ်ရင်း ခန္ဓာကိုယ်သန်စွမ်းမှု၊ ဟန်ချက်ညီမျှမှု၊ ပျော့ပျောင်းမှုတို့ အားကောင်းလာပြီဆိုရင် ပိုပြင်း ထန်တဲ့ လေ့ကျင့်ခန်းတွေကို တိုးမြှင့်လုပ်ဆောင် သင့်ပါတယ်။

(၃) နည်းပြအကူအညီဖြင့် လေ့ကျင့်ပါ
အသက် ၅၀ အရွယ်မှာ လေ့ကျင့်ရေးကိရိယာ တွေနဲ့ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် တတ်ကျွမ်းနား လည်တဲ့ နည်းပြအကူအညီနဲ့ လုပ် ဆောင် သင့်ပါ တယ်။ ဒါမှသာ သင့်တော်တဲ့ ကိုယ်နေဟန်အတိုင်း လေ့ကျင့်နိုင်မှာဖြစ်သလို ဒဏ်ဖြစ်နှုန်း ကင်းစင်ကာကိုက် ခဲနာကျင် မှုလည်း ကင်းဝေးမှာ ဖြစ်ပါတယ်။

(၄) ပရိုတင်းများများ စားပါ
လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ သင့်ခန္ဓာကိုယ်နဲ့ <ကက်သားတွေ သန်စွမ်းကျစ်လျစ်စေဖို့ ပရိုတင်းများ များ စားပေးသင့်ပါတယ်။ အရေခွံမပါတဲ့ ကြက်ရင်ပုံ သား၊ ပဲအမျိုးမျိုး စတာတွေကို စားသင့်ပါတယ်။

(၅) သက်ရောက်မှုနည်းသည့် လေ့ကျင့်ခန်း လုပ်ပါ
အသက် ၅၀ အရွယ်မှာ လက်ရှိ ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ အခြေအနေကို ထည့်သွင်းစဉ်းစားပေးရပါ မယ်။ အဆစ်တွေ နာကျင်နေ ရင် လေ့ကျင့်ခန်းလုပ် လိုက်တဲ့အခါ ရုတ်တရက် ကိုက်ခဲနာကျင်မှု ဝေဒနာ ဖြစ်တတ်တဲ့အတွက် ရေကူးတာလို သက်ရောက်မှု နည်းတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးပါ။ ကိုက်ခဲနာကျင်မှု ဖြစ်လာတာနဲ့ လုပ်နေတဲ့ လေ့ကျင့် ခန်းကို ရပ်လိုက်ပါ။

(၆) နှလုံးသွေးကြောကျန်းမာစေမည့် လှုပ်ရှားမှု လုပ် ဆောင်ပါ
ယောဂကျင့်တာနဲ့ ကိရိယာလွတ်လေ့ကျင့်ခန်း လုပ်တာတွေကြောင့် <ကက်သားသန်စွမ်းစေသလို တစ်ကိုယ်လုံးပျော့ပျောင်းစေ ပါတယ်။ ဒါ့အပြင် အ သက်ရှူသွင်း၊ ရှူထုတ်လေ့ကျင့်ခန်းလုပ်ဖြစ်တဲ့အ တွက် နှလုံးသွေးကြောတွေကို ကျန်းမာစေပါတယ်။

(၇) အဖော်တစ်ဦးနှင့်အတူ လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်း အတူလုပ်မယ့် အဖော်တစ်ဦးနဲ့ အတူ လေ့ကျင့်ခန်းလုပ်တာကြောင့် အချိန်မှန်မှန် လုပ်ဖြစ်စေပြီး မပျင်းရိဘဲစိတ် တက်ကြွစေပါတယ်။ အဖော်မရှိရင် ပျင်းရိပြီး လေ့ကျင့်ခန်းမလုပ်ဖြစ်တော့ ဘဲ အထိုင်များတဲ့ပုံစံအတိုင်း နေဖြစ်သွားနိုင်ပါတယ်။

(၈) ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ
အသက် ၅၀ အရွယ်ရောက်လာချိန်မှာ ကျန်း မာသန်စွမ်းမှု အကောင်းဆုံး ဖြစ်ချင်တယ်ဆိုရင် ဆ ရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကျန်းမာရေး စစ်ဆေး မှုကို တစ်နှစ်တစ်ကြိမ် ပြုလုပ်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top