Healthy Life Ad
Health Tips

ကျောက်ကပ်ကျန်းမာရေးအတွက် နေ့စဉ် သတိပြုသင့်သည့် အချက်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အခုခေတ်မှ နေထိုင်စားသောက်ပုံမမှန်တာကြောင့် ကျောက်ကပ်ကျန်းမာရေးထိခိုက်မှုတွေဖြစ်နှုန်းမြင့်မားလာတဲ့အတွက် ကျောက်ကပ်ကျန်းမာစေဖို့ နေ့စဉ်သတိပြုသင့်တဲ့ အချက်တွေကို အကြံပြုလိုက်ပါတယ်။

– ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ခြင်
ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ အကောင်းဆုံးဖြစ်စေဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်လိုအပ်တဲ့ ပမာဏရရှိဖို့လိုအပ်ပါတယ်။ ဗီတာမင် B6 နဲ့ မဂ္ဂနီဆီယမ်တွေက သင့်တော်တဲ့ကျောက်ကပ်လုပ်ငန်း ဆောင်တာရရှိဖို့အရေးကြီးပါတယ်။

– အိပ်ရေးပျက်ခြင်း
အိပ်ရေးပျက်တာကြောင့် ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာ အားနည်းတဲ့ဝေဒနာအသေးအမွှားတွေ ဖြစ်နိုင်ပါတယ်။

– ရေကို အလုံအလောက် မသောက်ခြင်း
ကျောက်ကပ်ရဲ့ အဓိက လုပ်ငန်းဆောင်တာက အဆိပ်စွန့်ထုတ်တာပါ။ ရေအလုံအလောက် မသောက်ရင် သွေးတွေပျစ်လာပြီး ကျောက်ကပ်ဆီ သွေးစီးဆင်းရောက်ရှိမှု မလုံလောက်တော့ပါဘူး၊ အဲဒီအခါသွေးထဲက အဆိပ်အတောက်တွေကို စွန့်ပစ်နိုင်စွမ်းလည်း ထိခိုက်လာပါတော့တယ်။

– အကိုက်အခဲပျောက်ဆေးလွန်ကဲစွာ မှီဝဲခြင်း
အကိုက်အခဲပျောက်ဆေးတွေကို အချိန်ကြာကြာ မှီဝဲတာကြောင့် သွေးစီးဆင်းမှုလျော့ကျပြီး ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ အကိုက်အခဲပျောက် ဆေးတွေက ကျောက်ကပ်နဲ့ အသည်းကို ဖြည်းဖြည်းချင်း ထိခိုက်စေတဲ့အရာပါ။

– အသားများများ စားခြင်း
အသားများများ စားတာကြောင့် ကျောက်ကပ်အပေါ် ဇီဝရုပ်ထိခိုက်မှု မြင့်တက်စေပါတယ်။ အထူးသဖြင့် အနီရောင် အသားများများ စားတာကြောင့် ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်စေနိုင်ပါတယ်။

– သကြားများများ စားခြင်း
သကြားများများပါတဲ့ အစာတွေကို စားတာ ကြောင့် သင့်ကိုယ်တွင်းစနစ်ထဲမှာ ပရိုတင်းပမာဏကို မြင့်တက်လာစေပြီး ကျောက်ကပ်အပေါ် ဖိအားသက်ရောက်စေနိုင်ပါတယ်။ ဆီးထဲမှာ ပရိုတင်းဓာတ် များတာက ကျောက်ကပ်ထိခိုက်စေနိုင်တဲ့ အစော ပိုင်း သတိပေးလက္ခဏာပဲ ဖြစ်ပါတယ်။

– အစာကို လုံလောက်စွာ မစားခြင်း
အစာကို လုံလောက်မျှတအောင် မစားတာကလည်း အစာကိုအလွန်အကြူးစားသလိုပဲ အစာခြေလမ်းကြောင်းစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top