Healthy Life Ad
Health Tips

ကျောက်ကပ်ကျန်းမာစေရန် လိုက်နာသင့်သည့် ရိုးစင်းသောနည်းသုံးသွယ်

ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်ရဲ ့ သန့်စင်ရေးစနစ်မှာ အဓိကပါဝင်တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ကျောက်ကပ်ကျန်းမာရေးမကောင်းတဲ့အခါ သွေးတွေကို သန့်စင်နိုင်စွမ်းမကောင်းတော့ပါဘူး။ ဒီလိုမဖြစ်စေဖို့ နေ့စဉ်လိုက်နာသင့်တဲ့ အခြေခံနည်းသုံးသွယ်ကို ရေးသားလိုက်ရပါတယ်။

(၁) ရေများများသောက်ပါ

ရေဓာတ်ခမ်းခြောက်တာက ကျောက်ကပ်ပြဿနာဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်း တိုးမြင့်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်ရေများများသောက်ဖြစ်ဖို့ရာအတွက် ရေဘူးကို ကား၊ အံဆွဲနဲ့ ထမင်းစားပွဲမှာ ဆောင်ထားပါ။

(၂) ဒိန်ချဉ် သို့မဟုတ် နွားနို့သောက်ပါ

တစ်နေ့ ဒိန်ချဉ်နှစ်ခွက်နဲ့ နွားနို့တစ်ခွက်သောက်ပြီးရင် သင့်သွေးဖိအားကို ချိန်ကြည့်ပါ။ ဒိန်ချဉ်နဲ့ နွားနို့ထဲမှာပါတဲ့ ကယ်လ်စီယမ်ဓာတ်ဟာ သွေးဖိအားမြင့်တက်မှုကို ၂၅ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ သွေးတိုးတာက ကျောက်ကပ်ထိခိုက်စေတဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်တာကြောင့် သွေးဖိအားကို ပုံမှန်ထိန်းနိုင်လေလေ သင့်ကျန်းမာရေး ကောင်းမွန်လေလေဖြစ်ပါတယ်။

(၃) ဆားလျှော့စားပါ

ဆားက ကျောက်ကပ်ထဲကို ကယ်လ်စီယမ်တွေရောက်ရှိစေတာကြောင့် ဆားများတဲ့အစာက ဆီးကျောက်တည်နိုင်ခြေကို တိုးစေပါတယ်။ ဆားအပြင် အဆင်သင့်အစာနဲ့ ပြုပြင်ထားတဲ့အစာတွေကို တတ်နိုင်သမျှရှောင်ရပါမယ်။

Most Popular

Healthy Life Ad
To Top