Healthy Life Ad
Health Tips

ဂန္ထဝင်တေးဂီတ နားဆင်ခြင်း၏ ကျန်းမာစေသောအစွမ်း

၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊

ဂန္ထဝင်တေးသီချင်းတွေကို ကြိုက်နှစ်သက်စွာ နားထောင်လေ့ရှိရင် အသက်ကြီးတဲ့အထိ ကျန်းမာရေး ကောင်းကျိုးတွေ ရရှိနေမှာဖြစ်ပါတယ်။

– အိပ်ရေးဝ၀ အိပ်ပျော်ခြင်း

ဂန္ထဝင်တေးသီချင်းတွေကို နားဆင်တာကြောင့် စိတ်သက်သာရာရစေပြီး အိပ်ခါနီးနားထောင်ရင် အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။ စန္ဒရားသံ၊ ငြိမ့်ညောင်းတဲ့ တေးသွားနဲ့ ညင်သာတဲ့ တေးသံသာတွေကြောင့် သင့်စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် စိတ်သက်သာရာရစေပြီး ညည နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေတာပါ။

– စိတ်ပိုင်းဆိုင်ရာ နာကျင်မှု ဝေဒနာသက်သာခြင်း

စိတ်ဓာတ်ကျနေရင် ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဖြစ်နေရင် ဂန္ထဝင်တေးသီချင်းတွေ နားဆင်တာက စိတ်ကျရောဂါ ကုသဆေးတစ်လက်လို ထိရောက်အသုံးဝင်မှု ရှိပါတယ်။ ဂန္ထဝင်တေးသီချင်းမှာ ကိုယ်ပိုင် စည်းချက်၊ အသံအနိမ့်အမြင့်နဲ့ ကိုယ်ပိုင်သံစဉ်တွေ ရှိတာကြောင့် စိတ်ခံစားမှုကို ကောင်းမွန်စေတာ ဖြစ်ပါတယ်။

– ဉာဏ်ရည်ထက်မြက်ပြီး မှတ်သားနိုင်စွမ်းပိုမိုကောင်းမွန်ခြင်း

ဂန္ထဝင်တေးသီချင်းတွေ နားဆင်သူတွေက ဟဲဗီးမက်တယ်သီချင်းတွေ နားထောင်သူတွေထက် ဖန်တီးနိုင်စွမ်းအား ပိုကောင်းပြီး အရာရာမှာ မှတ်သားနိုင်စွမ်းပိုရှိတယ်လို့ အီဒင်ဘာ့ဂ်တက္ကသိုလ်လေ့ လာမှုအရ သိရပါတယ်။

– သွေးဖိအားကို ထိန်းနိုင်စွမ်း ကောင်းမွန်ခြင်း

သွေးတိုးတာ၊ သွေးပေါင်ကျတာ စတဲ့ သွေးဖိအားဆိုင်ရာ ကျန်းမာရေး ပြဿနာတွေရှိရင် ဂန္ထဝင်တေးဂီတ နားဆင်တာက ဒီပြဿနာတွေကို ကောင်းကောင်း ဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။ ဗြိတိန်လေ့လာမှုအရ သွေးတိုးနေသူတွေအနက် ဂန္ထဝင်တေးသီချင်းတွေကို နားထောင်ထားသူတွေဟာ နားမထောင် ထားသူတွေထက် သွေးတိုး သိသိသာသာ လျော့ကျမှုရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဂန္ထဝင်တေးသီချင်းဟာ ဦးနှောက်ရဲ့တုံ့ပြန်မှုအပေါ် သက်ရောက်မှုရှိပြီး သီချင်းနားထောင်ပြီးတဲ့အခါ သင့်အနေနဲ့ ပိုမိုပျော်ရွှင်တာ၊ စိတ်တည်ငြိမ်တာနဲ့ ပိုကျန်းမာရေး ကောင်းမွန်တာ စတဲ့ကောင်းကျိုးတွေ ရရှိလာပါလိမ့်မယ်။

(Ref;SN)

Most Popular

Healthy Life Ad
To Top