Healthy Life Ad
Health Tips

တေးသံသာကြောင့် ရရှိနိုင်သည့် ကျန်းမာရေးရလဒ်ကောင်းများ

————-၊ ငွေကြယ်စင်ယံ ၊————–

အစားအသောက်ကို ကောင်းမွန်စွာစားသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ အရက်ကို အလွန်အကျွံမသောက်ခြင်း စတဲ့အချက်တွေဟာ နေ့စဉ် စိတ်နဲ့ခန္ဓာကိုကျန်းမာရေး ကောင်းမွန်နေစေသလိုပဲ တေးဂီတ သံစဉ်တွေကကော ကျန်းမာရေးကို ကောင်းမွန်စေသလားဆိုတာကို လေ့လာခဲ့ကြပါတယ်။ လေ့လာမှုအရ တေးဂီတတူရိယာပစ္စည်း တစ်ခုခုကို တီးခတ်ပေးတာဟာ ဘဝအပေါ် ကြည်နူးခံစားမှုကို သိသိသာသာ ရရှိစေကြောင်း သိရပါတယ်။

တေးဂီတ၏ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိပုံ

တေးဂီတဟာ လူတွေရဲ့စိတ်ကို အပန်းပြေစေပါတယ်။ ဒါဟာ စိတ်ဖိစီးမှုတွေထဲကနေ ရုန်းထုတ်နိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်နေပါတယ်။ တေးဂီတအမျိုးအစားပေါ်မူတည်ပြီး လူတွေရဲ့ခံစားချက်အလိုက် လက်ရှိနေရာကနေ တခြားနေရာတွေကို ရောက်ရှိသွားသလို ခံစားရစေကာ မျှော်လင့်ချက်နဲ့ သတ္တိတွေကိုလည်း တိုးမြင့်ရရှိလာစေပါတယ်။ တေးဂီတဆိုတာ လူတွေကို စိတ်အပန်းပြေအောင် ကူညီနိုင်ကာ ဘဝအတွက် ခွန်အားသစ်တွေကို ပေးပါတယ်။

တေးဂီတဟာ ဘဝအခက်အခဲတွေကို ဖြတ်ကျော်ရာမှာ အားဖြည့်ပေးတယ်

အားလပ်ချိန်မှာ သင်တီးခတ်လိုတဲ့ တူရိယာပစ္စည်းတစ်မျိုးကို ရှာဖွေဝယ်ယူကာ တီးခတ်ပေးပါ။ တူရိယာတီးခတ်နည်းကို အချိန်ပေးမသင်နိုင်ရင်တောင် သူငယ်ချင်းထံကတစ်ဆင့်၊ စာအုပ်တွေကတစ်ဆင့်၊ အွန်လိုင်းကတစ်ဆင့် သင်ယူလေ့လာနိုင်ပါတယ်။ တူရိယာကိုတီးခတ်ပြီး ပရော်ဖက်ရှင်နယ်အဖြစ် ရပ်တည်မှာမဟုတ်တဲ့အတွက် ဒီလောက်တီးတတ်ရင် အဆင်ပြေပါတယ်။

ဦးနှောက်စွမ်းအား ကောင်းစေတယ်

တူရိယာပစ္စည်းတစ်ခုခုကို တီးခတ်ရတာ ပျော်စရာကောင်းသလို လွယ်လည်းလွယ်ပါတယ်။ အသံမြည်အောင်တီးရတာပဲ ဘယ်သူမဆို တီးတတ်ပါတယ်။ တစ်ခါမှ မတီးခတ်ဖူးသေးတဲ့ တူရိယာပစ္စည်းတစ်ခုကို စမ်းသပ်တီးခတ်ကြည့်တဲ့အခါ သင်ယူလေ့လာနေရတဲ့အတွက် ဦးနှောက်စွမ်းအားကောင်းပြီး အယ်လ်ဇိုင်းမားရောဂါလို သက်ကြီးအတိတ်မေ့ရောဂါတွေဖြစ်နှုန်း လျော့ကျစေပါတယ်။ ဒါ့အပြင် တွေးခေါ်ဖန်တီးနိုင်စွမ်းအားကိုလည်း အားကောင်းစေပါတယ်။

အပေါင်းအသင်း ဝင်ဆန့်စေတယ်

တေးဂီတဟာ ဘယ်အသက်အရွယ်မဆို၊ ဘယ်လိုအသိုင်းအဝန်းမှာမဆို တစ်စုတစည်းတည်း ဖြစ်သွားစေပြီး ပေါင်းသင်းဆက်ဆံရေးကို ခိုင်မာကောင်းမွန်စေပါတယ်။

Most Popular

Healthy Life Ad
To Top