Healthy Life Ad
Health Tips

နှလုံးရောဂါထခြင်း (Heart Attack) ကို ဘယ်လို ကာကွယ်မလဲ

စူး ( ဆေးဝါးတက္ကသိုလ် )

နှလုံးဆီ သွေးထောက်ပံ့တဲ့ သွေးကြောပိတ်ဆို့ တာကြောင့် နှလုံးကြွက်သားတွေ အောက်ဆီဂျင် ပြတ်လပ်သွားရင် နှလုံးရောဂါထခြင်း (Heart Attack) ဖြစ်နိုင်ပါတယ်။ နှလုံးရောဂါထတာက အမေရိကန်မှာ သေဆုံးမှုအများဆုံး နံပါတ်တစ်အကြောင်းရင်းဖြစ်တာကြောင့် သတိထား ကာကွယ်ဖို့ အရေးကြီးပါတယ်။

အသက်အရွယ်၊ လူမျိုး၊ လိင်အမျိုးအစား၊ မိသား စု ရာဇဝင်စတာတွေက နှလုံးရောဂါထခြင်း ( Heart Attack )နဲ့ ဆက်စပ်နေတဲ့ အချက်တွေဖြစ်ပါတယ်။ ဒါတွေက သင်ပြု ပြင်ပြောင်းလဲလို့ မရတဲ့အရာတွေပါ။

နှလုံးရောဂါထခြင်း ( Heart Attack )ဖြစ်စေနိုင်တဲ့ တချို့အန္တရာယ်တွေကို သင်ပြုပြင်ပြောင်းလဲပေးလို့ ရပါ တယ်။ အဲဒါတွေက သွေးတိုးတာ၊ သွေးတွင်း ကို လက်စထရောများတာ၊ ဆီးချိုသွေးချိုရောဂါ၊ အဝလွန်ရောဂါ၊ အထိုင်များတာ၊ အစားအသောက်ကို ကောင်းကောင်း မစား သောက်တာနဲ့ စီးကရက်သောက်တာတို့ ဖြစ်ပါတယ်။

ရင်ဘတ်အလယ်မှာ ဆွဲညှစ်ပြီး ဆုပ်ဆွဲထားသလို ခံစားရတာ၊ ရင်ဘတ်အောင့်တာ၊ နာတာနဲ့ ဖိထားသလိုဖြစ်တာ တွေက နှလုံးရောဂါထခြင်း( Heart Attack ) ရဲ့ လက္ခဏာဝေဒနာတွေပဲဖြစ်ပါတယ်။ လက်မောင်း၊ ပခုံး၊ မေးရိုး၊ ပခုံးနဲ့ ဝမ်းဗိုက်ကြား နေရာတွေမှာ နာကျင်တာတွေလည်းဖြစ်တတ်ပါတယ်။ တခြားသိသာ ထင်ရှားတဲ့ ရောဂါလက္ခဏာတွေက အသက်ရှူမဝတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ ခေါင်းမူးတာ၊ နုံးချည့် ညောင်းညာတာ၊ ချွေးထွက်များတာ၊ အအေးမိတာ၊ အရေပြားစေးထန်းထန်းဖြစ်တာ၊ စိုး ရိမ်စိတ်များတာနဲ့ စိတ်လှုပ်ရှားတာတို့ ဖြစ်ကြပါတယ်။

နှလုံးရောဂါထခြင်း ( Heart Attack) ဖြစ်တဲ့ အ မျိုးသမီး တွေမှာ သိသာထင်ရှားတဲ့ လက္ခဏာ မပြတတ်ပါဘူး။ ဒါကြောင့် တခြားရောဂါလက္ခဏာတွေ နဲ့ လွဲမှားတတ်တဲ့အတွက် အမျိုးသမီးတွေက အမျိုး သားတွေထက် နှလုံး ရောဂါထခြင်း ( Heart Attack ) နဲ့ သေဆုံးနှုန်း ပိုများရတာပါ။

အမေရိကန်မှာ နှစ်စဉ် လူဦးရေ ခုနစ်သိန်းနီးပါး က နှလုံး သွေးကြောရောဂါ၊ နှလုံးရောဂါထခြင်း ( Heart Attack )နဲ့ သေဆုံးကြပါတယ်။ နှလုံးရောဂါထခြင်း( Heart Attack)နဲ့ သေဆုံးကြသူ ၅၀ ရာခိုင် နှုန်းနီးပါးဟာ နှစ်နာရီလောက် နောက်ကျပြီး ဆေးရုံ ကိုရောက်လာလို့ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

နှလုံးရောဂါထခြင်း ( Heart Attack) ကာကွယ်နည်း

ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာက နှလုံးရောဂါထခြင်း ( Heart Attack)ဖြစ်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပြီး ဆေး လိပ်သောက်တာကြောင့် သွေးတိုးတာနဲ့ သွေးကြောထဲ သွေးခဲပိတ်ဆို့တာတို့ ဖြစ်စေပါတယ်။

က်ကို အသင့်အတင့်သာ သောက်ပါအရ
အရက်ကို ရှောင်နိုင်ရင် အကောင်းဆုံးပါ။ မရှောင်နိုင်ရင် အသင့်အတင့်ပဲ သောက်ပါ။ အရက်ကို အလွန်အမင်း သောက်သုံးတဲ့အတွက် သွေးတိုးပြီး နှလုံးရောဂါထခြင်း ( Heart Attack)ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

အမျှင်ဓာတ်များသော အစာစားပါ
သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် သွေးတိုးတာနဲ့သွေးတွင်း ကိုလက်စထ ရောများတာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သွေးတိုးတာနဲ့ သွေးတွင်းကို လက်စထ ရောများတာ နှစ်ချက်စလုံးဟာ နှလုံးရောဂါထခြင်း ( Heart Attack)ဖြစ်စေတဲ့ အ ကြောင်းတွေပါ။ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာ ကြောင့် သွေးကြောပိတ်တာနဲ့ ရောင်ရမ်းတာတို့ ကင်းစင် စေနိုင်ပါတယ်။

ပြည့်ဝဆီစားသုံးမှု လျှော့ချပါ
အဆီနည်းအသားစားပြီး ပြည့်ဝဆီစားသုံးမှုကို လျှော့ချပါ။ အသားအစား ပရိုတင်း ပါဝင်မှုများတဲ့ တိုဟူး၊ ငါး၊ ပဲသီး၊ အစေ့အဆန်နဲ့ အလုပ်ပါ ခွံမာသီးတွေကို စားပေးသင့်ပါ တယ်။

လေ့ကျင့်ခန်း
လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးရောဂါထခြင်း (Heart Attack)ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ပုံမှန် လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးကြွက်သားတွေကို သန်စွမ်းစေ ပြီး နှလုံးသွေးကြောတွေကို ပျော့ပျောင်းကျန်းမာစေပါ တယ်။
Ref: HD

Most Popular

Healthy Life Ad
To Top