Healthy Life Ad
Health Tips

လည်ချောင်းနာချိန်စားသင့်သည့် အစာများ

၊ ငွေကြယ်စင်ယံ ၊

လည်ချောင်းနာတာက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး နာကျင်မှု ဖြစ်စေပါတယ်။ လည်ချောင်းနာတဲ့အခါ သင့်တော်တဲ့ အစာတွေ စားပေးတာ ကြောင့် အနာကျက်ဖြစ်စဉ်ကို မြန်စေပါတယ်။

(၁) ကြက်စွပ်ပြုတ်
ကြက်စွပ်ပြုတ်မှာ ပဋိဇီဝပိုးသတ်ဆေးအစွမ်းရှိတာကြောင့် လည်ချောင်းနာတာကို သက်သာစေပါတယ်။ နှာပိတ်တာကို သက်သာစေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ဒါ့အပြင် နောက်ထပ်ဗိုင်းရပ်စ်ပိုးမဝင်အောင် သင့်ကိုအကာအကွယ် ပေးပါတယ်။ ကြက်စွပ်ပြုတ်မှာ ချင်း (ဂျင်း)၊ မုန်လာဥနီနဲ့ ကြက်သွန်ဖြူတို့ ပါဝင်တာကြောင့် ကျန်းမာရေးကောင်းကျိုး ရှိပါတယ်။

(၂) ငှက်ပျောသီး
ငှက်ပျောသီးမှာ ပိုတက်ဆီယမ်၊ ဗီတာမင်စီ၊ ဗီတာမင် B6 တို့ ပါဝင်ပြီး မျိုချရလွယ်ကူကာ အစာကြေညက် လွယ်ပါတယ်။

(၃) သံပရာရည်နှင့် ပျားရည်အရော
သံပရာသီး၊ သံပယိုသီးနဲ့ ပျားရည်အားလုံးက လည်ချောင်းနာတာကို သက်သာစေပါတယ်။ ဒီဓာတ်တွေက ကိုယ်တွင်းရောင်ရမ်းမှုကို လျော့ပါးစေပြီး အပူ ဒါမှမဟုတ် ခပ်နွေးနွေး သောက်သုံးနိုင်ပါတယ်။ ပျားသံပရာရည်သောက်တာကြောင့် လည်ချောင်းစပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ နှာခေါင်းပိတ်တာတို့ကို သက်သာစေပါတယ်။

(၄) ကြက်ဥမွှေကြော်
ကြက်ဥမွှေကြော်ထဲမှာပါဝင်တဲ့ ပရိုတင်းဓာတ်က အစာကြေလွယ်ပါတယ်။ လည်ပင်းနာတာကို ကုသရာမှာည်း ပရိုတင်းဓာတ်က အသုံးဝင်ပါတယ်။ ကြက်ဥမွှေကြော်စားတာကြောင့် လည်ချောင်းနာကျင်ရောင်ရမ်းမှုကို သက်သာစေပါတယ်။

(၅) ချင်း (ဂျင်း) လက်ဖက်ရည်၊ ပျားရည်ရေနွေး
ချင်း (ဂျင်း) လက်ဖက်ရည်နဲ့ ပျားရည်ရေနွေးကို ရိုးရာဆေးတစ်လက်အဖြစ် ဆယ်စုနှစ်များစွာကတည်းက အသုံးပြုထားပါတယ်။ ဒီလက်ဖက်ရည်တစ်ခွက်ကို ပူပူသောက်တာကြောင့် လည်ချောင်းနာတာကို သက်သာစေပြီး အသက်ရှူကျပ်တာ၊ နှာပိတ်တာနဲ့ ရင်ဘတ်တောင့်တင်းတာကို သက်သာလျော့ပါး စေပါတယ်။

(၆) မုန်လာဥနီပြုတ်
မုန်လာဥနီပြုတ်မှာ ဘက်တီးရီးယားဆန့်ကျင်တဲ့ အာနိသင်အများအပြား ရှိတဲ့အပြင် လည်ချောင်းနာတာကို သက်သာစေပါတယ်။ မုန်လာဥနီကို အစိမ်းမစားပါနဲ့။ မုန်လာဥနီအစိမ်းစားရင် လည်ချောင်းကို စပ်ဖျဉ်းဖျဉ်းဖြစ်စေပြီး လည်ချောင်းနာတာကို ပိုဆိုးစေပါတယ်။

(၇) ခေါက်ဆွဲညို
ခေါက်ဆွဲညိုမှာ ဗီတာမင် B1၊ B2၊ B3 နဲ့ ဗီတာမင်E ၊သံဓာတ်၊ ဇင့် (သွပ်) ဓာတ်နဲ့ အမျှင်ဓာတ်တို့ပါဝင်ပြီး ခေါက်ဆွဲပြုတ် ပူပူပျော့ပျော့လေးစားတာကြောင့် လည်ချောင်းနာ သက်သာစေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top