စူး ( ဆေးဝါးတက္ကသိုလ်)
တစ်နေ့မှာ အဘိုးအိုတစ်ယောက်က တောထဲသွားလာနေစဉ် အပေါက်တစ်ခုကနေထွက်ဖို့ ကြိုးစားနေတဲ့ ကြောင်ငယ်လေးတစ်ကောင်ကို ရုတ်တရက်တွေ့မြင်လိုက်တယ်။ သနားစရာကြောင် သတ္တဝါလေးက အပြင်ကို ထွက်ဖို့ ရုန်းကန်ကြိုးစားနေရှာတယ်။ ဒါနဲ့သူလည်း ကြောင်လေးဆီ သူ့လက်ကိုဆန့်ပြီး ဆွဲထုတ်ဖို့လုပ်ခဲ့တယ်။ ဒါပေမဲ့ ကြောင်လေးက ကြောက်လန့်တကြားနဲ့ အဘိုးအိုရဲ့လက်ကို ကုတ်ခြစ်ပစ်ခဲ့တယ်။ အဘိုးအိုလည်း နာကျင်လွန်းလို့ အော်မိတာပေါ့ . . ဒါပေမဲ့ သူရပ်မသွားခဲ့ဘူး။ ကြောင်လေးဆီ လက်ကမ်းပြီး ထပ်ခါထပ်ခါ ဆွဲထုတ်နိုင်ဖို့ သူကြိုးစားခဲ့တယ်။
အဘိုးအိုရဲ့လုပ်ရပ်ကို တခြားသူတစ်ယောက်က မြင်တော့ ဟစ်အော်ပြီး ထိတ်လန့်တကြား တားမြစ်ခဲ့တယ်။
” ဒီကြောင်ကို ကယ်တာ ရပ်လိုက်ပါတော့ဗျာ၊ သူ့ဘာသာ အဲဒီကနေ ရုန်းထွက်ဖို့ ကြိုးစားပါလိမ့် မယ် . . ခင်ဗျား အကုတ်ခံရတာပဲ အဖတ်တင်မှာ”
အဘိုးအိုက သူ့စကားကို ဂရုမစိုက်ပါဘူး။ ကြောင်လေးကို ဆက်ကယ်တင်မြဲ ကယ်တင်နေခဲ့တယ် . . နောက်ဆုံးမှာ သူကယ်တင်နိုင်သွားခဲ့ပါတော့တယ်။
အဘိုးအိုက လူရွယ်ကို ပြောလိုက်တာက-
” ငါ့သား . . ကြောင်ဆိုတာ ကုတ်ခြစ်ဖို့နဲ့ နာကျင်အောင်လုပ်ဖို့ပဲ သိတယ် . . ချစ်ခင်ဖို့နဲ့ ဂရု စိုက်ဖို့က တို့တာဝန်ပဲလေ . .”
စာစုကပေးချင်သော သင်ခန်းစာ
သင့်အနားမှာ ရှိနေသူတွေကို သူတို့ပုံစံအတိုင်း မဟုတ်ဘဲ ကိုယ့်ကျင့်ဝတ်အတိုင်း ဂရုစိုက်ဖို့၊ အထူးသဖြင့် ကိုယ့်အပေါ်ပေးစေလိုတဲ့ ကြင်နာမှုအတိုင်း စောင့်ရှောက်ပေးဖို့ ဒီစာစုက ပညာပေးတယ်လို့ ထင်ပါတယ်။