Healthy Life Ad
Health Tips

ခေါင်းတစ်ခြမ်းကိုက်ရောဂါ သက်သာစေမည့် တရုတ်နံနံဖျော်ရည်

ပါဝင်ပစ္စည်းများ

– နာနတ်သီး တစ်ခြမ်း၊ (အခွံနွှာပြီး အတုံးလေးတွေ စိတ်ထားပါ)

– ကိုက်လန် ၃ – ၄ ရွက်၊

– တရုတ်နံနံပင် တစ်ပင်၊

– သခွားသီးတစ်စိတ်ရဲ့ တစ်ဝက်၊

– သံပရိုသီး တစ်လုံး၊

– ချင်း (ဂျင်း) လက်မဝက်။

ပြုလုပ်နည်း

နာနတ်သီး၊ ကိုက်လန်၊ တရုတ်နံနံ၊ သခွားသီးနဲ့ ချင်း (ဂျင်း) တွေကို မွှေစက်ထဲထည့်ပြီး မွှေပေးရမှာပါ။ ပြီးရင် သံပရိုသီးညှစ်ထည့်ကာ သောက်ပါ။
တရုတ်နံနံပင်ဟာ ခန္ဓာကိုယ်ရဲ့ သွေးတွင်းစံဓာတ်ကို ဟန်ချက်ညီမျှ စေပါတယ်။ ဒါ့အပြင် ကင်ဆာတားဒြပ်ပေါင်းတွေပါဝင်ပြီး သွေးတွင်းမကောင်း တဲ့ ကိုလက်စထရောကို ကျစေပါတယ်။ ဝမ်းချုပ်တဲ့ဝေဒနာကို သက်သာစေပြီး ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ ကျောက်ကပ်လုပ်ငန်းဆောင်တာကို ပုံမှန်ဖြစ်စေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top