Healthy Life Ad
Health Tips

ကမ္ဘာပေါ်တွင် ကျန်းမာရေးနှင့်အညီညွတ်ဆုံး အစာ ၂၀

၊ မီမိုး (ဆေးဝါးတက္ကသိုလ်)
နေ့စဉ် စားသောက်တဲ့ အစားအသောက်ထဲမှာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အရာတွေကို ထည့် သွင်းပေးသင့်ပါတယ်။
(၁) ပန်းဂေါ်ဖီပွင့်
ဗီတာမင်စီ ပါဝင်မှုအများဆုံးအစာက ပန်းဂေါ်ဖီပွင့်ပါ။ ဆာလဖာဒြပ်ပေါင်းလည်း ပါဝင်တဲ့အတွက် အဆိပ်အတောက်တွေကို တွန်းလှန်နိုင်ပြီး ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်ပါတယ်။

(၂) မှို
အင်တီအောက်ဆီးဒင့်ပါဝင်မှုများတဲ့ မှိုဟာဖရီးရယ်ဒီကယ်လ်တွေကို တွန်းလှန်နိုင်ပြီး ဆဲလ်ကောင်းတွေကို အကာအကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ကင်ဆာဆဲလ်တွေကိုတိုက်ထုတ်နိုင်စွမ်း ရှိပါတယ်။

(၃) ကြက်သွန်ဖြူ
အစွမ်းထက်ဆုံး ဟင်းခတ်အမွှေးအကြိုင်ထဲမှာ ကြက်သွန်ဖြူလည်းပါဝင်နေပြီး အနာကျက်နိုင်စွမ်း ရှိတဲ့အတွက် ရောဂါဝေဒနာအများကြီးကို ကာကွယ်နိုင်ပါတယ်။

(၄) ကိုက်လန်
ကိုက်လန်မှာ ဖလေဗနွိုက် အမျိုးအစား ၅၀နီးပါး ပါဝင်တာကြောင့် ရောင်ရမ်းမှုနဲ့အဆိပ်အတောက် စုပုံမှုတို့မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၅) ဟင်းနုနယ်ရွက်
ဟင်းနုနယ်ရွက်မှာပါဝင်တဲ့ အာဟာရဓာတ် တချို့ဟာ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဖောလိတ်ဓာတ်၊ ဇင့်(သွပ်)ဓာတ်၊ ကယ်လ်စီယမ်နဲ့ ဗီတာမင်အေတို့ ဖြစ်ကြပါတယ်။

(၆) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ ဗီတာမင်စီနဲ့ ကင်ဆာကို တွန်းလှန်နိုင်တဲ့ လိုင်ကိုပင်းဓာတ်တို့ ပါဝင်နေပါတယ်။

(၇) ကီဝီသီး
ဗီတာမင်စီပါဝင်မှု များတဲ့ ကီဝီသီးဟာ ခန္ဓာကိုယ်ကို အမျှင်ဓာတ်၊ ဖော့စ်ဖရပ်စ်၊ ကြေးနီဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ ဗီတာမင်အီး ပါဝင်မှုများပါတယ်။

(၈) သလဲသီး
အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ သလဲသီးဟာ အိုမင်းမှုကို နှေးစေပြီး ရောင်ရမ်းမှု လျော့ကျကာ ကင်ဆာဆဲလ်တွေရဲ့ သေဆုံးနိုင်ခြေကို မြင့်တက်စေပါတယ်။

(၉) ထောပတ်သီး
ထောပတ်သီးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီနဲ့ ပိုတက်ဆီယမ် ပါဝင်မှုများတာကြောင့် သွေးတွင်း ကိုလက်စထရောများတာနဲ့ သွေးတိုးတာကို လျော့ကျစေပြီး နှလုံးသွေးကြောကျဉ်းရောဂါ အန္တရာယ်ကို လျော့ပါးစေပါတယ်။

(၁၀) ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးမှာ ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့်ပါဝင်မှုများပါတယ်။

(၁၁) ကြက်သွန်နီ
ကြက်သွန်နီကိုလှီးပြီး စားတာကြောင့်ကင်ဆာ၊ ဓာတ်မတည့်မှုနဲ့ ရောင်ရမ်းမှုတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၁၂) ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးမှာ အိုမီဂါ၃ဖက်တီးအက်ဆစ် ပါဝင်တဲ့အတွက် နှလုံးကိုသာမက ဦးနှောက်ကိုလည်း ကာကွယ်ပေးပါတယ်။

(၁၃) ဆာဒင်းငါး
ဆယ်လ်မွန်ငါးလိုပဲ ဆာဒင်းငါးမှာ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အဆီကောင်းတွေ ပါဝင်နေပါတယ်။ ကယ်လ်ဆီယမ်ပါဝင်မှုလည်း များပါတယ်။

(၁၄) ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာ ပရိုတင်းပါဝင်မှုများပြီးခန္ဓာကိုယ်ကလိုအပ်တဲ့ အမိုင်နိုအက်စစ်ပါဝင်မှုများပါတယ်။

(၁၅) အခွံမာသီးနှင့် အစေ့အဆန်
အခွံမာသီးနဲ့အစေ့အဆန်တွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီနဲ့ အမျှင်ဓာတ် ပါဝင်နေပါတယ်။

(၁၆) ကန်စွန်းဥ
ကန်စွန်းဥမှာ ဘီတာကယ်ရိုတင်းပါတဲ့အတွက် မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အင်တီ အောက်ဆီးဒင့်ဖြစ်တဲ့ ဘီတာကယ်ရိုတင်းဟာ ကိုယ်ခံအားစနစ်၊ နှလုံးနဲ့ ဦးနှောက်ကို ကျန်းမာစေပါတယ်။

(၁၇) ကြက်သား
အထူးသဖြင့် အရေခွံမပါတဲ့ကြက်သားမှာ ပြည့်ဝဆီပါဝင်မှုအလွန်နည်းပြီး ပရိုတင်းဓာတ်ပြည့်ပြည့်ဝ၀ ပါဝင်ပါတယ်။ ဒါ့အပြင် ဖော့စ်ဖရပ်စ်၊ ဆီလီနီယမ်နဲ့ ဗီတာမင်ဘီအုပ်စုလည်း ပါဝင်ပါတယ်။

(၁၈) အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်များ
အချဉ်တည်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို လတ်လတ်ဆတ်ဆတ် စားတာကြောင့် အူထဲမှာ ဘက်တီးရီးယားမျှခြေကို ကောင်းမွန်စေပြီး ကျန်းမာရေးနဲ့ကိုယ်ခံအားကို ကောင်းစေပါတယ်။

(၁၉) နနွင်းမှုန့်
နနွင်းမှုန့်ထဲမှာပါတဲ့ ကာကူမင်ဓာတ်ဟာ ရောင်ရမ်းမှု၊ ကင်ဆာနဲ့ ဖရီးရယ်ဒီကယ်လ်ကြောင့် ထိခိုက်မှုတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၂၀) သံလွင်ဆီ
သံလွင်ဆီမှာမိုနိုမပြည့်ဝဆီ ပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဆီးချိုရောဂါနဲ့ နှလုံးသွေး ကြောကျဉ်းရောဂါအန္တရာယ်ကို လျော့ကျစေပါတယ်။
( Ref;HD )

Most Popular

Healthy Life Ad
To Top