Healthy Life Ad
Health Tips

နှလုံး၊ ဆီးကျိတ်နဲ့ စိတ်ကျန်းမာဖို့ ဘာတွေစားသင့်သလဲ

၊ ဦးမိုး ၊

အမျိုးသားတစ်ယောက်ရဲ့ ပါးစပ်ထဲထည့်သမျှ အစာတွေက သူရဲ့စိတ်နဲ့ကိုယ် ကျန်းမာရေးအတွက် သက် ရောက်မှု ရှိနေပါတယ်။ အာဟာရပြည့်ဝဖို့နဲ့ ခန္ဓာကိုယ်စနစ်တွေ ကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်ဖို့ ရာအတွက် အမျိုးသားတွေအထူးတလည် စားသင့်တဲ့ အစာတွေရှိပါတယ်။

– နှလုံးကျန်းမာရေးအတွက် အစာ

အမျိုးသားတွေ နှလုံးကျန်းမာဖို့ဆိုရင် အဓိက စားသင့်တဲ့ အစာက ငါးပါ။ ငါးမှာ့် EPA နှင့် DHA ပါဝင်ပြီး အဲဒီအာဟာရဓာတ်နှစ်မျိုးစလုံးက အိုမီဂါ ၃ ဖက်တီးအက်ဆစ်တွေ ဖြစ်ကြကာ ကျန်းမာရေးကို အကောင်းဆုံး ဖြစ်စေပါတယ်။ ငါးစားတာကြောင့် နှလုံးရောဂါထခြင်း Heart Attack အန္တရာယ်ကို သိသိသာသာလျော့ကျစေ ပါ တယ်။ အိုမီဂါ ၃ ဖက် တီးအက်ဆစ်ဟာ သွေးကြောတွေထဲမှာ အဆီဖတ် ပိတ်ဆို့မှုကိုတွန်းလှန်ပေးပြီး လေ ဖြတ်စေတဲ့ သွေးခဲ ဖတ်ဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပေးပါတယ်။

– ဆီးကျိတ် ကျန်းမာရေးအတွက် အစာ

အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာမဖြစ်စေဖို့ အဓိကလိုအပ်တာက အခွံမာသီးပါ။ အခွံမာသီး မှာ ဆီလီနီယမ်သတ္တုဓာတ် ပါဝင်တဲ့အတွက် ဆီးကျိတ်ဖြစ်ပေါ်မှုကို လျော့ကျစေပါတယ်။ ရွှေဖရုံစေ့၊ နေကြာ စေ့တို့လို အစေ့အဆန်တွေထဲမှာ အင်တီအောက်ဆီးဒင့် ဗီတာမင်အီးပါဝင်တဲ့အတွက် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

– စိတ်တည်ငြိမ်ရေးအတွက် အစာ
အမျှင်ဓာတ်များတဲ့ အစာတွေကို စားတာက သွေးတွင်း သကြားဓာတ်အဆင့်ကို အပြောင်းအလဲ မဖြစ်အောင် ထိန်းပေးနိုင်ပြီး စိတ်တည်ငြိမ်စေပါ တယ်။ အမျှင်ဓာတ်ပါတဲ့ အစာဟာ အမျိုးသားတွေကို စိတ်ကျေနပ်စေပြီး အစာကို အလွန်အကြူးမစား မိအောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကာဗိုဟိုက် ဒရိတ်ကိုလည်း အများအပြား မစားဖြစ်တော့ပါဘူး။
Ref;HD

Most Popular

Healthy Life Ad
To Top