Healthy Life Ad
Health Tips

အရေးကြောင်းကင်းစင်၊ နုပျိုလိုလျှင် . .

ငွေကြယ်စင်ယံ

အသက်ကြီးတယ်ဆိုတာ လူတစ်ယောက်အတွက် ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်ပါ။ အသက်ကြီးတာကို ရပ်တန့်လို့ မရပေမယ့် နုပျိုအောင်၊ အို မင်းမှုကို ဟန့်တားနိုင်အောင် လုပ်ဆောင်နိုင်ပါတယ်။

ပက်လက်လှန်ပြီး အိပ်စက်ပါ
သင်ရဲ့ အိပ်စက်တဲ့ ပုံစံက အရေးကြောင်း ထူထူတွေနဲ့ ပါးပါးတွေ ထင်စေနိုင်ပါတယ်။ သင်က အ မြဲ မှောက်အိပ်တတ်ရင် ဒါမှမဟုတ် ဘေးတစ်စောင်း အိပ်တတ်ရင် အဲဒီအိပ်စက်ပုံကို ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ အရေးကြောင်းတွေ ထင်တတ်လို့ပါ။ ခေါင်းအုံးပေါ် မှောက်အိပ်တဲ့အတွက် နဖူးမှာ အရေးကြောင်းထင်တတ်သလို ဘေးတစ်စောင်းအိပ်တာ ကြောင့် ပါးပြင်နဲ့ မေးစေ့မှာ အရေးကြောင်းထင်တတ်ပါတယ်။ ဒါကြောင့် မနက်ခင်းမှာ အရေးကြောင်းကင်း ကင်းနဲ့ နိုးထနိုင်ဖို့ ပက်လက်လှန် အိပ်စက်ပါ။

ချည်သားခေါင်းအုံးစွပ်အစား ပိုးခေါင်းအုံးစွပ်ပြောင်း သုံးပါ
ခေါင်းအုံးစွပ်ကို ချည်သားအစား ပိုးသားခေါင်း အုံးစွပ်ပြောင်းသုံးတာ ပိုကောင်းပါတယ်။ သင့်အသားအရေအတွက် ပိုမို နူးညံ့စေလို့ပါ။

အင်တီအောက်ဆီးဒင့် ပါဝင်မှုများသည့် အစာ စားပါ
သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေလို အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အစာမှီဝဲတာက ကိုယ်တွင်းရှိ ဖရီးရယ်ဒီကယ်တွေကိုတွန်းလှန်ပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရေကို အိုမင်းရင့်ရော်မှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ရေကိုလည်း များများ သောက်ပေးပါ။

ပဲပိစပ်ကို အသုံးပြုပါ
လေ့လာမှုအရ ပဲပိစပ်ပါတဲ့ ခရင်မ်ကို အရေပြားမှာလိမ်းတာ၊ ပဲပိစပ်ပါတဲ့ အားဖြည့်ဆေးမှီဝဲတာ တို့လုပ် ဆောင်ပေးရင် အသားအရေကို နေဒဏ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အသားအရေတည်ဆောက် ပုံနဲ့တင်းရင်းမှုကို ကောင်းမွန်စေပါတယ်။

နေကာနိုင်စွမ်း (SPF)ရှိသည့်ခရင်မ် လိမ်းပါ
နေဒဏ်ခံရလွန်းရင် အသားအရေကို အိုမင်းစေနိုင်ပါတယ်။ နေကာခရင်မ် မလိမ်းတာက အရေးကြောင်းထင်စေတဲ့ အချက်ပါ။ ဒါကြောင့် ဖြစ်နိုင်ရင် အနည်းဆုံး SPFအဆ ၃၀ ပါတဲ့ အသားအရေထိန်း ပစ္စည်းကို သုံး ပေးပါ။ SPF ပါတဲ့ BB ခရင်မ်ဟာအ သားအရေကို စိုပြည် စေရုံသာမက အသားအရေကို ကာကွယ်ပေးပါတယ်။

လည်ပင်းကို ကာကွယ်ပါ
အသားအရေ အိုမင်းမှုက မျက်နှာမှာတင်မက လည်ပင်းမှာလည်း တွေ့နိုင်ပါတယ်။ လည်ပင်းနဲ့ မေးရိုးမှာ အစိုဓာတ်ထိန်းခရင်မ်လိမ်းတာကြောင့် အရေးကြောင်းတွေနဲ့ အရေပြားတွဲကျမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

အသားအရေလှပကြည့်ကောင်းစေရန် ယောဂကျင့်ပါ
ယောဂကျင့်တာကြောင့် ကိုယ်ဟန်အနေအထားကို ကြည့်ကောင်းစေရုံသာမက အသားအရေကို လည်း လှပစေပါတယ်။ တစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ်-နှစ်ကြိမ်ခန့် ယောဂကျင့်ပါ။ အသားအရေက ထူးထူးခြားခြား ကြည့်ကောင်းနေပါလိမ့်မယ်။

မျက်မှောင်မကြုတ်ပါနှင့်
မျက်မှောင်ကြုတ်တာကြောင့် မျက်နှာကြွက်သားတွေကို အလွန်အမင်း အလုပ်လုပ်ရစေပြီး အရေးကြောင်း ထင်လွယ်စေပါတယ်။ အပြင်သွားရင် မျက်ဝန်းတစ်ဝိုက် အရေပြားကို ကာကွယ်ဖို့ နေကာမျက်မှန်တပ်ဖို့ မမေ့ပါနဲ့၊ မျက်မှောင်လည်း မကြုတ်ပါနဲ့။

Ref: HD

Most Popular

Healthy Life Ad
To Top