Healthy Life Ad
Health Tips

သဘာဝအတိုင်း ကလေးမွေးမည့်သူတို့ သိထားသင့်သည့်နည်းလမ်းများ

၊   မီမိုး (ဆေးဝါးတက္ကသိုလ်)  ၊

ဒီနေ့ခေတ်မှာ ဗိုက်ခွဲပြီး ကလေးမွေးလာကြပေမယ့်  ရိုးရိုးသဘာဝနည်းနဲ့ ကလေးမွေးတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေက ပိုများလာပါတယ်။ သဘာဝနည်းနဲ့ ကလေးမွေးပြီးတဲ့အခါ ကလေးကို ပိုမိုစောင့်ရှောက်နိုင်သလို ကိုယ်တိုင်လည်း နာကျင်မှုမရှိဘဲ လှုပ်ရှားနိုင်တယ်လို့ မိခင်တချို့ကဆိုပါတယ်။ ဒါကြောင့် သဘာဝနည်းနဲ့ ကလေးမွေးမယ်ဆိုရင် သိထားသင့်တဲ့ နည်းတချို့ကို အကြံပြုချင်ပါတယ်။

– ဆွေးနွေးပါ

ကလေးမွေးတာနဲ့ ကလေးပြုစုစောင့်ရှောက်တာ စတဲ့ အပိုင်းတွေကို ကျွမ်းကျင်ထားရင် အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနေ့မှာ တွေ့ကြုံလာနိုင်တဲ့အရာတွေကို ဆရာဝန်နဲ့ သေချာ ဆွေးနွေးထားရပါမယ်။

– ရိုးရိုးနည်းဖြင့် ကလေးမွေးရာတွင် နာကျင်မှု ထိန်းချုပ်နိုင်မည့် နည်းလမ်းများ လေ့လာပါ

သဘာဝနည်းနဲ့ ကလေးမွေးတဲ့အခါ အကိုက်အခဲပျောက်ဆေး ထိုးပေးလေ့ မရှိတဲ့အတွက် ကလေးမွေးရာမှာ နာကျင်မှုမရှိအောင် ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိနားလည်ထား သင့်ပါတယ်။ ရိုးရိုးသဘာဝနည်းနဲ့ ကလေးမွေးတဲ့အခါ အပန်းပြေအောင် လုပ်တာ၊ အသက်ရှူသွင်း ရှူထုတ်တာ၊ နှိပ်နယ်တာ စတဲ့ နည်းတွေက နာကျင်မှု သက်သာစေပါတယ်။ ကိုယ့်အတွက် နာကျင်မှု အသက်သာဆုံး ဖြစ်နိုင်မယ့် နည်းကို ရွေးချယ်ပါ။

– သင့်တော်သော နေရာ ရွေးချယ်ပါ

အမျိုးသမီးအများစုက သဘာဝနည်းနဲ့ ကလေးမွေးမယ်ဆိုရင် ကိုယ့်အိမ်မှာပဲ မွေးလိုကြပါတယ်။ ဒါပေမဲ့ ဆေးရုံ၊ ကလေးမွေးတဲ့စင်တာ စတာတွေမှာ မွေးတာက ပိုသင့်တော်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက် စိတ်သက်သာရာရစေမယ့် နေရာကို ရွေးချယ်ရပါမယ်။

– မှန်ကန်သော ကျန်းမာရေးဝန်ထမ်းထံ အပ်နှံပါ

ကျန်းမာရေးဝန်ထမ်းတိုင်း ကလေးမွေးပေး တတ်မယ်လို့တော့ မထင်ပါနဲ့။ အိမ်မှာ သဘာဝနည်းနဲ့ ကလေးမွေးမယ်ဆိုရင် သားဖွားရာမှာ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းထံ အပ်နှံထားပြီး မွေးသင့်ပါတယ်။

– သင့်ခန္ဓာကိုယ်ကို သဘာဝနည်းအတိုင်း မွေးနိုင်ရန် ပြင်ဆင်ပါ

သင့်ကလေးငယ်က လူ့လောကထဲရောက်ဖို့ အဆင်သင့်ဖြစ်ချိန်မှာ သဘာဝနည်းနဲ့ ကလေးမွေးနိုင်ဖို့ သင့်ခန္ဓာကိုယ်ကို ပြင်ဆင်ထားပါ။ အဲဒီအချိန်မှာ လမ်းလျှောက်ပါ၊ ရေချိုးပါ၊ အစာစားပါ၊ နာရီမကြည့်ဘဲ သက်သောင့်သက်သာ လုပ်ဆောင်ပါ။

– ကိုယ်အလေးချိန် အလွန်အမင်း မတက်ပါစေနှင့်

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် မြင့်တက်လာတာက ပုံမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လိုအပ်တာထက် ကိုယ်အလေးချိန် အများကြီး မတက်လာပါစေနဲ့။ ကိုယ်အလေးချိန်များတာကြောင့် ဆီးချို၊ သွေးချို ရောဂါနဲ့ ကိုယ်ဝန်ဆိပ်တက်တာတို့လို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတချို့ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါ့အပြင် သဘာဝနည်းနဲ့ ကလေးမွေး နိုင်ဖို့လည်း မလွယ်ကူစေပါဘူး။

– ကလေးမွေးရာတွင် မှန်ကန်သော အနေအထားလေ့လာပါ

သဘာဝနည်းနဲ့ ကလေးမွေးရာမှာ ပက်လက်လှန်မွေးတဲ့ အနေအထားက သက်သောင့်သက်သာရှိမှု အနည်းဆုံးလို့ ဆိုပါတယ်။ ဒါကြောင့် ဘယ်လို အနေအထားမျိုးနဲ့ ကလေးမွေးရင် အဆင်ပြေမလဲဆိုတာ လေ့လာသင့်ပါတယ်။

– ကလေးမွေးပြီး သင့်အနားတွင် ကလေးကို ထားပါ

ကလေးမွေးပြီးချိန်မှာ ကလေးကို သင့်အနားမှာ ထားတာက စိတ်ကူးကောင်းပါ။ မိခင်နဲ့ကလေး အ ရေပြားချင်း ထိတွေ့မှုကြောင့် ကလေးရဲ့ ကိုယ်အပူချိန်၊ နှလုံးခုန်နှုန်းနဲ့ အသက်ရှူသံတို့ကို မှန်ကန် ကောင်းမွန်စေပါတယ်။ မိခင်နဲ့ကလေး တစ်ခန်းထဲ အတူရှိတဲ့အတွက် သံယောဇဉ် ပိုတိုးလာစေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top