Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်ချိန် ရှောင်သင့်သော အလှအပကုထုံးများ

စူး (ဆေးဝါးတက္ကသိုလ်

သင်က ကိုယ်ဝန်ဆောင်နေတယ်ဆိုရင် အလှ ပြင်တဲ့အခါ သင်နဲ့ သင့်ဗိုက်ထဲက သန္ဓေသား ထိခိုက်မှု မရှိအောင် သတိကြီးကြီး ထားရပါမယ်။

– ရက်တီးနွိုက် မသုံးသင့်ပါ
ရက်တီးနွိုက်ခရင်မ်နဲ့ စားဆေးကို အရေးကြောင်း ပျောက်ဖို့ ပေးလေ့ရှိပါတယ်။ ကိုယ်ဝန်ရှိချိန်မှာ မွေးရာပါ ချို့ယွင်းချက်ပါတဲ့ ကလေး မွေးနိုင်ခြေ ရှိတဲ့အတွက် ရက်တီးနွိုက်ကို လုံးဝ မသုံးသင့်ပါဘူး။

– ဆလီးဆလစ်အက်ဆစ် လျှော့သုံးပါ
ဆလီးဆလစ်အက်ဆစ်ဟာ ဝက်ခြံကုသနိုင်တဲ့ ကြေးချွတ်ပစ္စည်းတစ်မျိုးပါ။ ကိုယ်ဝန်ရှိရင် ဆလီးဆ လစ်အက်ဆစ်ကို လျှော့သုံးရပါမယ်။ ဆလီးဆလစ် အက်ဆစ်ကို ပါးစပ်က သောက်ရင် ကလေးမွေးတဲ့ အခါ နောက်ဆက်တွဲ ပြဿနာ ဖြစ်နိုင်ခြေ ရှိနေပါတယ်။
ကိုယ်ဝန်ဆောင်စဉ် အသားအရေ အလွန်အမင်း ထိခိုက်နေရင် ဆလီးဆလစ်အက်စစ်အစား ဂ လိုင်ကောလစ်အက်ဆစ်ကို ရွေးချယ်သင့်ပါတယ်။

– လက်သည်း၊ ခြေသည်းအလှပြင်လျှင် သတိထားပါ
ကိုယ်ဝန်ဆောင်စဉ် ဆိုင်မှာ လက်သည်း၊ ခြေသည်း အလှမပြင်ပါနဲ့။ လက်သည်း၊ ခြေသည်းမှာ ပိုးဝင်နိုင်ခြေ များလို့ပါ။

– ဆံပင်အရောင်မဆိုးသင့်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်အရောင် မဆိုးသင့်ပါဘူး။ ဆံပင်ဆိုးဆေးတွေထဲမှာ ကင်ဆာအား ပေးနိုင်ခြေရှိတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေနိုင်တယ် လို့ ထင်မြင်ထားကြလို့ပါ။ ဆံပင်အရောင် ဆိုးချင်နေတယ်ဆိုရင် ဦးရေပြားနဲ့ တိုက်ရိုက်မထိအောင် ဟိုက်လိုက်ဖောက်ပါ။ ဆံပင်အရောင်ဆိုးတာက ဦးရေပြားနဲ့ ဓာတုပစ္စည်း ထိတွေ့နိုင်ခြေ များပါတယ်။

– ဘိုတော့စ်ထိုးခြင်းနှင့် ပါးပြည့်စေရန် ဖြည့်တင်းခြင်းရှောင်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ အရေးကြောင်းတွေ လျော့ပါးစေဖို့နဲ့ ပါးပြည့်တင်းစေဖို့ ဘိုတော့စ်ထိုးတာ၊ Filter ထိုးတာတို့ လုပ်ဖို့ စီစဉ်ထားတယ်ဆိုရင် ဆင်ခြင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒါတွေ လုပ်ဆောင်ရင် အန္တရာယ်ကင်းတယ်လို့ သက်သေပြချက် မရှိပါဘူး။

– ဖယောင်းဖြင့် အမွှေးရိတ်မည်ဆိုလျှင် သတိပြုပါ
ကိုယ်ဝန်ရှိရင်တောင် ဖယောင်းနဲ့ အမွှေးရိတ် နိုင်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူနဲ့ပဲ လုပ်သင့်တာပါ။ အလှပြင်ဆိုင်က သန့်ရှင်းမှုရှိဖို့လည်း အရေးကြီး ပါတယ်။

– တင်းတိပ်ကုသရန် ဟိုက်ဒရိုကွီနုန်း မသုံးသင့်ပါ
ကိုယ်ဝန်ဆောင်စဉ် တင်းတိပ်ရှိနေရင် ကုသဖို့ ဟိုက်ဒရိုကွီနုန်းကို မရွေးချယ်ပါနဲ့။ မျက်နှာပေါ်က အမည်းစက်တွေကို ဓာတုပစ္စည်းမပါတဲ့ နေကာခရင်မ် လိမ်းပြီး ကာကွယ်နိုင်ပါတယ်။ နေကာခရင်မ်မှာ ဇင့် အောက်ဆိုက် ဒါမှမဟုတ် တိုက်တေနီယမ်ဒိုင် အောက်ဆိုက်ပါတာကို ရွေးချယ်ပါ။ ဟိုက်ဒရိုကွီနုန်း က အမည်းစက်တွေကို မှိန်ဖျော့စေပေမယ့် ရာနှုန်းပြည် ့ဘေးမကင်းပါဘူး။

Most Popular

Healthy Life Ad
To Top