Healthy Life Ad
Health Tips

သင့်ကလေး အအေးမိဝေဒနာ ရနေလျှင်

လရိပ်မေ

ဗိုင်းရပ်စ်အမျိုးမျိုးကြောင့် အအေးမိဝေဒနာရတတ်ပြီး ငယ်ရွယ်တဲ့ ကလေးတွေဟာ ကိုယ်ခံအားစနစ် အားနည်းတဲ့အတွက် တစ်နှစ်တည်းမှာ အကြိမ်ကြိမ် အအေးမိဝေဒနာ ရတတ်ပါတယ်။

အနားယူခိုင်းပါ
အအေးမိဝေဒနာ ဖြစ်ကာစ ၂-၄ ရက်အတွင်းမှာ သူများကို အလွန်ကူးစက်လွယ်ပါတယ်။ ချောင်းဆိုး၊ နှာချေရာက ထွက်လာတဲ့ ပိုးပါနေတဲ့ အမှုန်အမွှားလေးတွေကို ရှူမိရင် ကူးစက်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ကလေး အအေးမိဝေဒနာ ရချိန်မှာ တခြားကလေးတွေထံ ကူးစက်မှု မဖြစ်စေဖို့ကောင်းကောင်း အနားယူသင့်ပါတယ်။

လက်ကို သေချာ ဆေးကြောသန့်စင်ပါ
အအေးမိနေသူရဲ့လက်မှာ ဗိုင်းရပ်စ်ပိုးရှိနေရင် သူများဆီ အချိန်တိုအတွင်း ကူးစက်သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ကလေးရဲ့ လက်ကို ရေနဲ့
ဆပ်ပြာသုံးပြီး သေချာဆေးကြောသန့်စင်ပေးပါ။ ဒါမှမဟုတ် ရေမလိုတဲ့ လက်ဆေးဆပ်ပြာရည်နဲ့ မကြာခဏ ဆေးကြောပေးသင့်ပါတယ်။

ရေများများ တိုက်ပါ
သင့်ကလေး အအေးမိဝေဒနာ ခံစားရချိန်မှာ လည်ပင်းနာတာ၊ ချောင်းဆိုးတာ၊ နေမထိထိုင်မသာဖြစ်တာ၊ အိပ်ရေးပျက်တာနဲ့ အစားပျက်တာစတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီဝေဒနာတွေ သက်သာစေဖို့ ကလေးကို လေဝင်လေထွက်ကောင်းတဲ့ အခန်းထဲမှာ ကောင်းကောင်းအနားယူ
ခိုင်းရပါမယ်။ ရေနဲ့အရည်များ များတိုက်ရပါမယ်။

ကိုယ်ပူကျဆေး တိုက်ပါ
ကလေးကို စောင်ထူထူ၊ အနွေးထည်ထူထူ ဝတ်ပေးပြီး အလုံပိတ်ထားတဲ့အခန်းထဲ ထားတာကိုရှောင်ရပါမယ်။ ကိုယ်ပူနေရင် ပါရာစီတမော
ဆေးရည် တိုက်ရပါမယ်။ မသက်သာရင် ဆရာဝန်နဲ့ ပြဖို့လိုအပ်ပါတယ် ။

Most Popular

Healthy Life Ad
To Top