Healthy Life Ad
Health Tips

တစ်နေ့ ၁၅ မိနစ် အချိန်ပေးပြီး လုပ်သင့်သော ကျန်းမာရေး အကျင့်ကောင်း

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)

ဒီခေတ်က အတော်လေးကို စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရင်း လူတွေဟာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါဖိစီးမှုတွေက သိပ်များနေပါတယ်။ မအားလွန်းတဲ့အတွက် လူတွေက စိတ်ဖိစီးပြီး ဒေါသ ထွက်နေရတယ်။ ဒီလိုဖိစီးမှုတွေပြေပျောက်စေဖို့ဆိုရင် ဗုဒ္ဓမြတ်စွာဘုရား ရဲ့အဆုံးအမဖြစ်တဲ့ အရာရာကိုသင့် တင့်မျှတစွာနှလုံးသွင်းပါကို လိုက်နာသင့်ပါတယ်။

အချိန် ၁၅ မိနစ်ဆိုတာ တစ်နေ့တာမှာ ပိုင်ဆိုင်တဲ့ အချိန်၂၄နာရီနဲ့ ယှဉ်ရင်ဘာမှမရှိပါဘူး။ အဲဒီအချိန်မှာ အသက်ရှူလေ့ကျင့်ခန်းလေးပဲ ဖြစ်ဖြစ်၊ကြီးကြီးကျယ် ကျယ်ပြောရရင် အာနာပါန ဆိုတဲ့ဝင်လေထွက်လေကို မှတ်ပြီး တရားထိုင်ပေးသင့်ပါတယ်။ လူအများစုက နေ့တိုင်းအလကားရနေတဲ့ လေကို ဘယ်လိုရှူရှိုက်ရမှန်း မသိကြဘူးလို့ ဆရာတော်ကြီးတွေ ပြောကြတယ်။ အလကားရတဲ့လေ ကိုရှူရှိုက်တဲ့အခါမှာ အသက်ရှူလေ့ ကျင့်ခန်းပဲဖြစ်ဖြစ်၊ ဝင်လေထွက်လေ တရားမှတ်တာပဲဖြစ်ဖြစ် သတိလေးကပ်ပြီး လုပ်ဆောင်လိုက်ရင် စိတ်က ငြိမ်သက်မှုရသွားတယ်၊ ဒါက စိတ်ကျန်းမာရေးကော ခန္ဓာကိုယ်ကျန်းမာရေးကိုပါ အထောက်အကူဖြစ်လိမ့် မယ်လို့ ဆရာယူဆပါတယ်။ ဆရာဆိုရင်လည်း တစ်ခါတလေ စိတ်ထဲ မွန်းကျပ်လာရင် အခန်းတံခါးပိတ်ပြီး အာနာပါနလုပ်လိုက်ပါတယ်၊ အဲဒီအခါစိတ် ကအတော်လေးအနားရသွားပါတယ်။

Most Popular

Healthy Life Ad
To Top