Healthy Life Ad
Life Style

မြန်မာလူမျိုးတို့ စားလေ့ရှိသော တညင်းသီး နှင့် ဆေးဘဲဥ ကောင်းကျိုး ၊ ဆိုးကျိုးများ

ဒေါက်တာ ဝင်းဝင်းမြင့်( အာဟာရ ဆိုင်ရာ အထူးကု ဆရာဝန်းကြီး)

3

                                                                                                         တညင်းသီး
တညင်းသီးက စားသင့်တဲ့ အစာထဲမှာ မပါဝင်ပါဘူး။ တညင်းသီး တစ်လုံးစားပြီး ကျောက်ကပ်ပျက်လို့ ရောက်လာတဲ့ လူနာတွေ အများကြီး တွေ့ရလို့ ပါ။
တညင်းသီးမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တစ်မျိုး ပါဝင်လို့ပါ။ ဒါပေမဲ့ လူအများစုက တညင်းသီး စားနေတာပဲ၊ သူတို့ကျတော့ ဘာမှမဖြစ်ဘူးဆိုပြီး ပြောကြတယ်။ ဖြစ်တဲ့ သူတွေကျတော့ ကျောက်ကပ်ထိတာ၊ ပျက်တာတွေအထိ ဖြစ်ကြပါတယ်။ ဒါက ပင်ကိုကတည်းက ကျောက်ကပ်အား နည်းတဲ့သူတွေ၊ နာတာရှည် ကျောက်ကပ်ရောဂါရှိတဲ့ သူတွေဆိုရင် တညင်းသီးက များများ မဟုတ်ဘူး၊ တစ်လုံး-နှစ်လုံး စားလိုက်ရင်တောင် ကျောက်ကပ် ပျက်သွားတတ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်မကောင်းတဲ့သူတွေနဲ့ ကျောက်ကပ်ရောဂါရှိတဲ့ သူတွေက လုံးဝမစားသင့်ပါဘူး။
တကယ်တော့ တညင်းသီးက ဘယ်လို လူမျိုး မှ မစားသင့်ပါဘူး။ ဒါပေမဲ့ ကိုယ့်မှာ ဘာရောဂါဝေ ဒနာမှ မရှိဘူးဆိုရင်၊ ကိုယ့်ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ် (Immune System)က ကောင်းနေတယ်ဆို ရင်၊ အသည်း ကော ကျောက်ကပ်ပါ ကျန်းမာနေတယ် ဆိုရင် တညင်းသီးကို မစားရ မနေနိုင်ဘူးဆိုတဲ့အခါ နည်းနည်းပါးပါးပဲ စားသင့်ပါတယ်။ ဒီနေရာမှာ ပြော ချင်တာက တညင်းသီးကို ပြုတ်လိုက်တဲ့အခါ အဆိပ်အတောက်နည်းနည်း ထွက်သွားပေမယ့် အစိမ်းလိုက် စားရင် ပိုပြီး အဆိပ်အတောက်ဒဏ်ကို ခံရတတ်ပါတယ်။ ဒါကြောင့် အစိမ်း လိုက်စားတာမျိုး၊ မီးကင်စားတာမျိုးကတော့ လုံးဝ မလုပ်သင့်ပါဘူး။

4                                                                                                       ဆေးဘဲဥ
ဆေးဘဲဥက ကောင်းတဲ့ အာဟာရဓာတ်တွေပါဝင်တဲ့အတွက် စားလို့တော့ရပါတယ်။ ဒါပေမဲ့ အနှစ်ကို လုပ်ထားတာ ဖြစ်တဲ့အတွက် ရေရှည်မှာ အများကြီးတော့ မစားသင့်ပါဘူး။ ဆေးဘဲဥက နေ့တိုင်း၊ နေ့တိုင်း စားမယ်ဆိုရင်တော့ မကောင်းပါဘူး။ နေ့တိုင်းစားရင် သွေးတွင်းကိုလက်စထရော များစေလို့ပါ။ တစ်ပတ်ကို နှစ်လုံးထက် ပိုမစားသင့်ပါဘူး။

Most Popular

Healthy Life Ad
To Top