Healthy Life Ad
Health Tips

အသည်းကွဲပြီး နာကျင်ထိခိုက်နေတာလား

လရိပ်မေ

အသည်းကွဲတယ်ဆိုတာ ဘယ်သူမှ မခံစားချင်တဲ့ စိတ်အနာတရဖြစ်မှု တစ်ခုပါ။ ဒါပေမဲ့လည်း တစ်ခါတစ်ရံ မကြုံချင်ပေမယ့်လည်း ကြုံလာရတတ်တဲ့ ဝေဒနာတစ်မျိုးလည်း ဖြစ်ပါတယ်။ အသည်းကွဲပြီး နာကျင်ထိခိုက် မှုကို လူတွေက နည်းအမျိုးမျိုးနဲ့ ပေါက်ကွဲတတ်ကြပါတယ်။ တချို့က ငိုကြေးတဲ့နည်း နဲ့ စိတ်သက်သာရာ ရအောင် လုပ်တတ်ပြီး တချို့က နံရံကို လက်သီးနဲ့ ထိုးတာ၊ အော်ဟစ်တာစတဲ့ နည်း တွေနဲ့ စိတ်ဖြေ လျှော့တတ်ပါတယ်။ တချို့ကလည်း သီချင်းဆိုရင်း ဝေဒနာကုစားတတ်သလို တချို့က အလုပ်တွေအများကြီး လုပ်တဲ့နည်းနဲ့ စိတ်ခံစားမှုကို ပြောင်းလဲပစ်တတ်ကြပါတယ်။ အသည်းကွဲတဲ့ ဝေဒနာအတွက် အချိန်ဆိုတာ အကောင်းဆုံး သမားတော်ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဝေဒနာ သက်သာစေဖို့ ထိရောက်တဲ့ နည်းတွေ ရှိပါတယ်။

လေ့ကျင့်ခန်း

အသည်းကွဲချိန်မှာ သင်လုပ်ဆောင်သင့်တဲ့ အ ကောင်းဆုံး အလုပ်က လေ့ကျင့်ခန်းပါ။ အိပ်ရာထဲ ခွေခေါက် နေပြီး ပင်ပန်းနွမ်းနယ်နေမယ့် အစား စွမ်းအင်အပြည့်နဲ့ ရုန်းထပြီး လေ့ကျင့်ခန်းလုပ်လိုက်ပါ။ ပျော်ရွှင်စေတဲ့ အန်ဒေါ်ဖင်ဓာတ် အထွက်တိုးလာမှာ ဖြစ်လို့ စိတ်အပန်းပြေနေပါလိမ့်မယ်။

ယောဂကျင့်ခြင်း

ယောဂကျင့်စဉ်မှာ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တာ ပါဝင်နေပါတယ်။ ယောဂကျင့်တဲ့အခါ တစ်ချိန်တည်း မှာ အာရုံစူးစိုက်မှု ကောင်းပြီး စိတ်တည်ငြိမ်နေပါလိမ့်မယ်။ အဲဒီတော့ အသည်းကွဲဝေဒနာ ကိုလည်း မြန်မြန် ကုစားနိုင်သွားမှာပါ။

ရနံ့ကုထုံး

ရနံ့ဆီကို သုံးပြီး ကုသရတဲ့ ရနံ့ကုထုံးပဲ ဖြစ်ပါ တယ်။ အသည်းကွဲဝေဒနာ ခံစားရချိန်မှာ ရနံ့ကုထုံးသုံး လိုက်တာကြောင့် သင့်ကို ပြုံးပျော်စေပြီး ဘဝမှာ နေထိုင်ရတဲ့အတွက် ကျေနပ်မှု ရရှိသွားစေပါတယ်။

Ref: HD

Most Popular

Healthy Life Ad
To Top