Healthy Life Ad
Life Style

၁၃ရက် သောကြာနေ့ ကြောက်သော ရောဂါ(Paraskevidekatriaphobia)

၊ မီမိုး(ဆေးဝါးတက္ကသိုလ်) ၊

ပြီးခဲ့တဲ့ ၁၃-၁၁-၂၀၁၅ ရက်နေ့က ၂၀၁၅ ရက်နေ့ရဲ့ ၁၃ရက် သောကြာနေ့ဖြစ်ခဲ့ပါတယ်။ အဲဒီ ၁၃ ရက် သောကြာနေ့ဟာ ဆိုရင်ဖြင့် ရှစ်လတာအတွင်း ပထမဆုံးလို့ဆိုရမှာပါ။ အယူသည်းသူတွေက လတစ်လရဲ့ ၁၃ ရက်ဟာ သောကြာနေ့ဖြစ်ခဲ့ရင် ကံမကောင်းဘူးလို့ ဆိုကြပါတယ်။ ဒါကြောင့် ၁၃ ရက် သောကြာနေ့ကို ကြောက်ရွံ့ကြတာကြောင့် အဲဒါကို ကြောက်ရွံ့တဲ့ရောဂါအဖြစ် Paraskevide-
katriaphobia လို့သတ်မှတ်ကြပါတယ်။

Paraskevidekatriaphobia ဆိုသည်မှာ
ဒီကြောက်ရွံ့မှုက တခြားအမည် friggatriskaidekaphobia နဲ့ဆင်တူပါတယ်။ friggatriskaidekaphobia ရဲ့ အမည်က နော်
ဒစ်အယူအဆတစ်ခုကနေ ရလာခဲ့တာပါ။ အဲဒီဝေါဟာရရဲ့ ရှေ့စာလုံး frigg ဆိုတာ သောကြာနေ့ကနေတွင်လာပြီး Atriskaideka ကတော့ ဂရိအဓိပ္ပာယ် ၁၃ ကနေ ဆင်းသက် လာတာဖြစ်ပါတယ်။

Paraskevidekatriaphobia ကို ဘာကြောင့် ခံစား ရသလဲ
ကြောက်ရွံ့မှုဆိုတာ လှုပ်ရှားမှု၊ အခြေအနေနဲ့ အရာဝတ္ထုတွေကို ကြောက်တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာတင် ကြောက်ရွံ့မှု အမျိုးမျိုး ခံစားရသူဦးရေ ခြောက်သန်းခန့် ရှိတယ်လို့ဆိုပါတယ်။ ကြောက်ရွံ့တဲ့ ရောဂါ ခံစားရတာကြောင့် လူတစ်ယောက်ဟာ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စွမ်းမရှိဘဲ ဘဝမှာပျော်ရွှင်မှုတောင် မရနိုင်ပါဘူး။ ၁၃ ရက်သောကြာနေ ့ကြောက်ရွံ့သူတွေက နံပါတ် ၁၃ ကြောက်သူတွေ ပါဝင်ပါတယ်။ နံပါတ် ၁၃ ကို ကံမကောင်းတဲ့နေ့လို့ နှစ်ရာပေါင်းများစွာကတည်းက သတ်မှတ်ထားတဲ့အတွက်  ဖြစ်ပါတယ်။သောကြာနေ့မှာ ၁၃ ရက်ကျရောက်တာက ကံမကောင်းမှု ပိုဖြစ်တတ်တယ်ဆိုပြီး အယူသည်းသူတွေက အဲဒီနေ့မှာ အရေးကြီး အလုပ်ကိစ္စပယ်ဖျက်တာမျိုး၊ ငွေအပေးအယူမလုပ် တာမျိုး၊ အရောင်းအဝယ်မလုပ်တာမျိုး လုပ် တတ်ကြပါတယ်။

Paraskevidekatriaphobia ရှိရင် ပျောက် အောင် ကုနိုင်သလား
တခြားကြောက်ရွံ့မှုဆိုင်ရာ ရောဂါတွေ လိုပဲ ၁၃ ရက် သောကြာနေ့ ကြောက်ရွံ့နေသူ တွေကိုကုသနိုင်ပါတယ်။ ကြောက်ရွံ့မှုကြောင့် ဖြစ်
ပေါ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာလက္ခဏာတွေ (တုန်လှုပ်တာ၊ ရင်တုန်တာ၊ ချွေးစေးပြန်တာ၊ တုန်ယင်တာ၊ ကြောက်ရွံ့တာ)၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာလက္ခဏာတွေ (ဂနာမငြိမ်တာ၊ စိတ်လှုပ်ရှားတာ) စတာတွေကို စိတ်ပိုင်းဆိုင်ရာ အထူးကု ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပြီးပျောက်ကင်းအောင် ကုသမှု ခံယူသင့်ပါတယ်။
( Ref ; MD )

Most Popular

Healthy Life Ad
To Top