Healthy Life Ad
Life Style

ပူပင်သောကများနေသလား . . .

– ငွေကြယ်စင်ယံ

လေ့လာမှုအရ အမျိုးသမီး ၅၂ ရာခိုင်နှုန်းကအရာရာကို အစဉ်းစားလွန်နေတတ်တယ်လို့ လေ့လာမှုအရသိရပါတယ်။ ဒီလို စဉ်းစားလွန်တာက ဦးနှောက်ကိုပူပင်သောကတွေနဲ့ ထိခိုက် စေတယ်လို့ စိတ်ပညာရှင်စူစန်က ဆိုပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အကြောင်းအရာတစ်ခုခုကို အဖြေထွက်ဖို့ စဉ်းစားနေရတဲ့အခါ အောက်ပါနည်းလမ်းတွေကို သုံးသင့်ပါတယ်။

– ဒုတိယအကြံဉာဏ်ကို တောင်းပါ

သင့်အနေနဲ့ တစ်ယောက်တည်း ဆုံးဖြတ်ချက်ကို မချရဲတာမျိုးဖြစ်နေရင် တကယ်ယုံကြည်စိတ်ချရသူတစ်ဦးကို တိုင်ပင်ကြည့်ပါ။ ဦးနှောက်နှစ်ခုက တစ်ခုထက်ပိုကောင်းတာ အမှန်ပါပဲဆိုတဲ့ ရှေးစကားတစ်ခုရှိပါတယ်။

– အဟန့်အတားကို ကြည့်ပါ

သင့်အနေနဲ့ အလွန်အကျွံတွေးနေမိပြီဆိုရင် ထိုင်ရာကနေထပြီး နေရာပြောင်းလိုက်ပါ။ လေ့လာမှုတွေအရ မြင်ကွင်းသစ်ကို ရောက်ရှိသွားတာကြောင့် ထက်မြက်တဲ့အတွေးသစ်တွေ ထွက်ရှိလာနိုင်တယ်လို့ သိရပါတယ်။

-ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပါ

အတွေးတွေလွန်ပြီး အချိန်ယူတာများလွန်းနေရင် စိတ်ပူပင်သောကတွေများကာ ပိုပြီးဝေခွဲမရဖြစ်ရတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ပြီး စာရွက်ပေါ်မှာ ရေးထားလိုက်ပါ။

-စိတ်ကို အေးအေးဆေးဆေးထားပါ

ဆုတောင်းတာ၊ တရားထိုင်တာတွေက သင့်ဆုံးဖြတ်ချက်အပေါ် အကောင်းဖြစ်လာဖို့ပံ့ပိုးတယ်လို့ သင့်စိတ်ကိုခံစားရစေပါတယ်။

– အစိုးရိမ်လွန်၊ အတွေးလွန်သော သူငယ်ချင်းများကို မတိုင်ပင်ပါနှင့်

ဆုံးဖြတ်ချက်တစ်ခုချမှတ်ပြီးချိန်မှာ သင့်လိုပဲ တစ်ခုခုအပေါ် အစိုးရိမ်လွန်၊ အတွေးလွန်တဲ့ သူငယ်ချင်းတွေနဲ့ဝေးဝေးမှာနေပါ။ အကောင်းမြင်တတ်တဲ့သူတွေနဲ့ တိုင်ပင်တာကသာ သင့်ကို စိတ်ချမ်းသာပျော်ရွှင်ပြီး ပေါ့ပေါ့ပါးပါးထားနိုင်စေပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top