Healthy Life Ad
Health Tips

သင့်ကလေး မကြာခဏ လည်ချောင်းနာတတ်သလား

ကလေးဘဝမှာ လည်ချောင်းနာတာက မကြာခဏ ကြုံတွေ့ရတဲ့ ဝေဒနာတစ်ခုပါ။ လည်ချောင်းနာတဲ့ အခါ ကလေးတွေက တစ်ချိန်လုံး ဂျီကျငိုယို နေတတ်ပြီး အစားအသောက်တွေကို မစားချင် မသောက်ချင်ဘဲ ဖြစ်နေတတ်ပါတယ်။ အဲဒီလို သင့်ကလေးက မကြာခဏ လည်ချောင်းနာတတ်ရင် မိဘအုပ်ထိန်းသူတွေ အနေနဲ့ အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။

(၁) ဆားရေ နွေးနွေးဖြင့် ပလုတ်ကျင်းခိုင်းပါ
သင့်ကလေးက မကြာခဏ လည်ချောင်းနာတတ်သူ ဖြစ်ရင် ဖုန်ထူတဲ့နေရာ၊ လူထူထပ်တဲ့နေရာ သွားမိတဲ့အခါ ဆားရေနွေးနဲ့ ပလုတ်
ကျင်းခိုင်း သင့်ပါတယ်။ ဆီကြော်စာတွေကို တတ်နိုင်သမျှ ရှောင်သင့်ပြီး ကလေးက စားမိပြီးတဲ့ အခါမှာလည်း ဆားရေနွေးနဲ့ ပလုတ်
ကျင်းခိုင်း ရပါမယ်။

(၂) နွေးနွေးထွေးထွေး ထားပါ
ကလေးရဲ့ ကိုယ်ခံအားစနစ် မကောင်းရင် အအေးမိ ဗိုင်းရပ်စ်ပိုးတွေဝင်ပြီး လည်ချောင်းနာတာ၊ ဖျားတာတို့ ဖြစ်တတ်တဲ့အတွက် ကလေးကို နွေးနွေးထွေးထွေး ထားရပါမယ်။

(၃) ရေများများ တိုက်ပါ
ကလေးကို ရေများများ တိုက်ပေးတာကလည်း လည်ချောင်းနာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၄) လက်ဆေးပေးပါ
ကလေးတွေ စုရုံးကစားကြတဲ့အခါ တစ်ဦးနဲ့ တစ်ဦး ထိတွေ့နေတဲ့အတွက် လက်တွေက ညစ်ပတ်နေနိုင် ပါတယ်။ အထူးသဖြင့် ကလေးတစ်ဦးမှာ ပိုးရှိရင် အချင်းချင်း ကူးစက်နိုင်တဲ့အတွက် ဆော့ကစားပြီးချိန်မှာ ကလေးရဲ့လက်ကို ဆေးပေး ရပါမယ်။

(၅) နွားနို့၊ ဆန်ပြုတ်စသည့် အစာပျော့ပျော့ ကျွေးပါ
ကလေးက လည်ချောင်းနာနေ ချိန်မှာ အစာမာမာတွေကို အတင်းမကျွေးပါနဲ့။ နွားနို့၊ ဆန်ပြုတ်၊ စွပ်ပြုတ် အစရှိတဲ့ အစာပျော့ပျော့
တွေကို နည်းနည်းစီ ကျွေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top