Healthy Life Ad
Health Tips

အရေပြားပေါ်က အဖြူ စက်များအတွက် သဘာဝကုထုံး

၊ စူး (ဆေးဝါးတက္ကသိုလ်)၊

မယ်လာနင် ဆိုတာ အရေပြားကို အညိုရောင် ဖြစ်စေတဲ့ ရောင်ခြယ် ပစ္စည်း တစ်မျိုးပါ။ အသားညိုတဲ့ သူတွေက အသားဖြူတဲ့ သူတွေထက် မယ်လာနင် ဓာတ် ပိုမို ထွက်ရှိ ပါတယ်။ မယ်လာနင် ပမာဏ အလုံအလောက် မထွက်ရှိတဲ့ အခါ အရေပြားပေါ်မှာ အဖြူရောင် အစက် အပြောက်တွေ ပေါ်တတ် ပါတယ်။ အထူးသဖြင့် ခြေထောက်၊ လက်မောင်းနဲ့ မျက်နှာမှာ ဖြစ်တတ် ပါတယ်။ တစ်ခါတလေ စိတ်ဖိစီးမှု များ တာ၊ နေရောင်ခြည် ထိတွေ့မှု များတာ၊ ဖန်းဂတ်စ်မှို ပိုးဝင် တာ၊ ဗီတာမင် B12 ချို့တဲ့တာ စတဲ့ အကြောင်း တွေကြောင့် အဖြူစက် ပေါ်တတ်သလို ကိုယ်ခံအား စနစ် ဒါမှမဟုတ် မျိုးရိုးကြောင့်လည်း ဖြစ်တတ် ပါ တယ်။ အဖြူစက်တွေ သက်သာစေဖို့ အတွက်အောက်ပါ အိမ်တွင်းကုထုံး တွေကို လိုက်နာ သင့်ပါတယ်။

– နေခြည်နုနု ခံယူပါ
နေရောင်ခြည် ပြင်းပြင်းဒဏ် ခံရတာကြောင့် အရေပြား မှာ အဖြူစက်တွေ ဖြစ်တတ်ပေမယ့် နံနက် ၁၀ နာရီနဲ့ ညနေ ၃ နာရီကြားက လွဲလို့ တခြား အချိန်တွေမှာ သာတဲ့နေခြည် နုနုကို ခံယူ သင့်ပါတယ်။ ဒါမှသာ မယ်လာနင် ဆဲလ်တွေကို လှုံ့ဆော်ပေးမှာ ဖြစ်လို့ပါ။

– ဂေါ်ဖီထုပ်ကို အသုံးပြုပါ
ဂေါ်ဖီထုပ်မှာ အဆိပ်အတောက် ပြေစေတဲ့အစွမ်းရှိ တဲ့အပြင် အမျှင်ဓာတ်နဲ့ ဆာလဖာ အများအပြား ပါဝင် နေပါတယ်။ ဒါကြောင့် ဂေါ်ဖီထုပ်က ထွက်ရှိတဲ့ အရည်ကို အရေပြား အဖြူစက်တွေပေါ် သုတ်လိမ်း ပေးပါ။

– ရှလကာရည် လိမ်းပါ
အရေပြားမှာ အဖြူစက် ဖြစ်ပေါ်ရတဲ့ အကြောင်းရင်း တစ်ရပ်က ဖန်းဂတ်စ်မှို ပိုးဝင်တာကြောင့် ဖြစ်ပါတယ်။ ရှလကာရည် သုတ်လိမ်း ပေးတာကြောင့် မှိုပိုး သေစေ ပါတယ်။

– ပျားရည်လိမ်းပါ
ပျားရည်မှာ ပိုးသေစေတဲ့ အစွမ်းနဲ့ အရေပြား အားဖြစ် စေတဲ့ အစွမ်းတို့ ပါဝင်ပါတယ်။ အဖြူစက်ရှိတဲ့ အရေပြားကို ပျားရည် သုတ်လိမ်း ပေးပါ။

– အင်တီအောက်ဆီးဒင့် မှီဝဲပါ
အင်တီအောက်ဆီးဒင့်က အသားအရေအတွက် ကောင်းကျိုး ရှိတယ်ဆိုတာ လျှို့ဝှက်ချက် တစ်ရပ် မဟုတ်ပါဘူး။ အရေ ပြား ပြဿနာ တွေသာမက အရေပြားပေါ်က အဖြူစက်တွေ ပျောက်ချင်ရင် သင့်ကိုယ်တွင်း စနစ်ထဲက ဖရီးရယ်ဒီကယ် တွေကို တွန်းလှန် ပစ်နိုင်တဲ့ အင်တီအောက်- ဆီးဒင့်က အရေးကြီး ပါတယ်။ သင်စားတဲ့ အစာထဲမှာ သံလွင်ဆီ၊ သစ်သီးဝလံ များများ ထည့်စားပြီး လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပေးပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top