Healthy Life Ad
Health Tips

အဝလွန်ရောဂါ ကာကွယ်နည်း ငါးနည်း

၊ မီမိုး (ဆေးဝါးတက္ကသိုလ်)၊

နေ့တိုင်း ရိုးစင်းလှတဲ့ နည်းငါးနည်းကို လိုက်နာပေးရုံနဲ့ အဝလွန်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၁) နံနက်စာ စားပါ
လူတွေက ကိုယ်အလေးချိန် လျှော့ချဖို့ အစာမစားဘ ဲနေတတ်ကြပါတယ်။ ဒါက မှားနေပါတယ်။ တကယ်လို့ မနက်စာ မစားရင် နေ့လယ်စာနဲ့ ညစာမှာ အလွန်အမင်း စားမိတတ်ကြပါတယ်။ တကယ်တော့ တစ်နေ့တာကို စတင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နံနက်စာကို စားပေးရပါမယ်။

(၂) အပေါ်ထပ် တက်လိုလျှင် လှေကားမှ တက်ပါ
တစ်နေ့ကယ်လိုရီ ရာပေါင်းများစွာ လောင်ကျွမ်းနိုင်မယ့် နည်းပါ။ အဲဒါက အမြင့်ကို တက်စရာ ရှိတယ်ဆိုရင် ဓာတ်လှေကားနဲ့ တက်မယ့်အစား လှေကားကနေ တက်ဖို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အလုပ်စားပွဲမှာ နာရီပေါင်းများစွာ အလုပ်လုပ်ခဲ့ရသူ ဆိုရင် ဒီနည်းက ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။

(၃) ကယ်လိုရီနည်းသော အစာများ ရွေးစားပါ
အစာစားတဲ့အခါ ကယ်လိုရီနည်းပြီး ရေဓာတ်ပါဝင်မှု များတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ရွေးချယ်စားသုံး သင့်ပါတယ်။

(၄) တစ်နေ့ခြေလှမ်း အပိုနှစ်ထောင် လှမ်းလျှောက်ပါ
ခြေလှမ်းအနည်းငယ် လှမ်းလျှောက်ရုံနဲ့ သင့်ကို ကြံ့ခိုင်ကျန်းမာပြီး အဝလွန်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ကယ်လိုရီ လောင်ကျွမ်းပြီး နှလုံးကျန်းမာရေး ကောင်းမွန်ဖို့ အများကြီး အားထုတ်စရာ မလိုပါဘူး။ တစ်နေ့ ခြေလှမ်းအနည်းငယ် (၁၅ မိနစ်ခန့်) လမ်းလျှောက်ပေးဖို့ပဲ လိုပါတယ်။

(၅) ပြုပြင်ထားသော အစာနှင့် ဆီကြော်စာများကို လျှော့ချပါ
တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစာတွေမှာ ပြည့်ဝဆီနဲ့ ပြောင်းလဲဆီတွေ ပါဝင်ပါတယ်။ ဒီအဆီ နှစ်မျိုးစလုံးက ကျန်းမာရေးအတွက် မသင့်တော်လို့ ရှောင်သင့်တဲ့ အဆီတွေပါ။ ဒါတွေကို ရှောင်ပြီး သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတစ်ခုလုံး အစာတွေကို များများ စားပေးပါ။ တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ်ခန့် ငါးနဲ့ အဆီမပါတဲ့ အသားကို စားပေးပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top