Healthy Life Ad
Health Tips

ခြေဖနောင့် နူးညံ့ချောမွေ့ ကြည့်ကောင်းစေမည့် အဆင့်သုံးသွယ်

(၁) ခြေဖနောင့် ခြောက်သွေ့နေတုန်းမှာပဲ ဘရပ်ရှ် အနုနဲ့ ပွတ်တိုက်ပေးပါ။ အရေပြားဆဲလ်သေတွေ ကွာကျသွားမှာ ဖြစ်လို့ ရေချိုးခန်းထဲမှာ လုပ်သင့်ပါတယ်။

(၂) ညတိုင်း ခြေထောက်ကို ဆားခါးရေထဲ စိမ်ပေးပါ။ ရေဇလုံထဲ ဆားခါး ထမင်းစားဇွန်း နှစ်ဇွန်းခန့်ထည့်ပြီး ခြေထောက်တွေ စိမ်ပေးပါ။ လာဗန်ဒါဆီ တစ်စက်လောက် ထည့်ကာ စာအုပ် တစ်အုပ်ဖတ်နေလိုက်ပါ။ ပြီးမှ တဘက်နဲ့သုတ်ပြီး လိုးရှင်းလိမ်းပေးရမှာ ဖြစ်ပါတယ်။

(၃) ခြေဖနောင့် အက်ကွဲနေရင် ညဘက်မှာ အလှဆီ ဒါမှမဟုတ် သံလွင်ဆီလိမ်းပြီးခြေစွပ်စွပ် အိပ်ပေးပါ။

Most Popular

Healthy Life Ad
To Top