Healthy Life Ad
Health Tips

ရေခဲသေတ္တာထဲ ထည့်ခြင်းဖြင့် အာဟာရဓာတ် လျော့ကျသွားနိုင်သော အစာ ၅ မျိုး

၊ စူး(ဆေးဝါးတက္ကသိုလ်) ၊

အောက်ပါ အပင်ထွက် ပစ္စည်းတွေကို အခန်းအပူချိန်မှာ ထားပေးမှသာ ပိုမို လန်းဆန်းနေမှာ ဖြစ်ပါတယ်။
jj
(၁) သခွားမွှေးသီး

USDA လေ့လာ့မှုအရ သခွားမွှေးသီးကို ရေခဲသေတ္တာထဲ ထည့်ထားရင် အင်တီအောက်ဆီးဒင့် ပမာဏ ထက်ဝက်ခန့် လျော့ကျနိုင်တယ်လို့ သိရပါတယ်။ အခန်းအပူချိန်မှာ ထားရင် ရေခဲသေတ္တာထဲမှာ ထားတာထက် ဘီတာကယ်ရိုတင်း နှစ်ဆနီးပါး မြင့်တက်နိုင်ပါတယ်။ ဘီတာကယ်ရိုတင်းက အသားအရေနဲ့ မျက်စိအမြင်ကို ကျန်းမာ စေပါတယ်။ အကြောင်းကတော့ ရေခဲသေတ္တာထဲ ထည့်ထားရင် အေးမြတဲ့ လေက သခွားမွှေးသီးရှိ အင်တီအောက်ဆီးဒင့် ပမာဏကို ယုတ်လျော့စေလို့ပါ။
oo
(၂) ပင်စိမ်း

ပင်စိမ်းကို အပူချိန် ၄၀ ဒီဂရီ ဖာရင်ဟိုက်အောက် သိုလှောင်ထားရင် အမည်းရောင် ပြောင်းသွားနိုင်ပါတယ်။ ပင်စိမ်းရွက်ကို အရိပ်ရတဲ့ နေရာမှာ ထားပါ။ ကြာကြာခံချင်ရင် ပင်စိမ်းအရင်းကို ရေတစ်ဖန်ခွက်ထဲ ထောင်ပြီး ထည့်ထားပေးပါ။
op
(၃) အာလူး

အေးမြတဲ့ ရာသီဥတုက အာလူးရဲ့ အာနိသင်ကို ယုတ်လျော့ စေပါတယ်။ နေပူထဲမှာ ထားရင် အာလူးက စိမ်းရောင်သမ်းပြီး တစ်ခါတစ်ရံ ခါးသက် သွားနိုင်ပါတယ်။
ui
(၄) ကြက်သွန်နီ

ကြက်သွန်နီ လတ်ဆတ်နေစေဖို့ လေဝင်လေထွက် ကောင်းတဲ့ နေရာမှာ ထားရပါမယ်။ ကြက်သွန်နီကို အာလူးနဲ့ အတူမထားပါနဲ့။ ကြက်သွန်နီက ထွက်တဲ့ ဓာတ်ငွေ့နဲ့ အစိုဓာတ်ကြောင့် အာလူး မြန်မြန် ပုပ်လွယ်နိုင်လို့ပါ။ လှီးထားတဲ့ ကြက်သွန်နီကို ရေခဲသေတ္တာထဲ ထည့်သိမ်းပေးပါ။
fg
(၅) ခရမ်းချဉ်သီး

အေးမြတဲ့ လေကြောင့် ခရမ်းချဉ်သီးရဲ့ လတ်ဆတ်တဲ့ အရသာ ယုတ်လျော့စေနိုင်တဲ့ အတွက် အခန်းအပူချိန်မှာ ထားပေးပါ၊ ပိုအရသာ ထူးကဲစေပါတယ်။
(Ref;RD)

Most Popular

Healthy Life Ad
To Top