Healthy Life Ad
Health Tips

သွားရည်ကျနေသလား

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

သွားရည်ကျလွန်းတာကို ဆေးပညာဝေါဟာရ အနေနဲ့ Sialhorrea လို့ ခေါ်ပါတယ်။ တံတွေးဂလင်း အတက်ကြွလွန်တာ ဒါမှမဟုတ် ရှိနေတဲ့ တံတွေး တွေကို မျိုချနိုင်စွမ်း နည်းတာကြောင့် သွားရည်ကျ တတ်ပါတယ်။ ကလေးသာမက လူကြီးတွေပါ သွားရည်ကျ တတ်ပါတယ်။ သွားရည်ကျလွန်းရင် အဖြစ်များတဲ့ အကြောင်းရင်း တချို့ကတော့-
– ခံတွင်း ဒါမှမဟုတ် လည်ချောင်းပိုးဝင်တာ၊
– ခံတွင်းမြှေး ရောင်ရမ်းနာ၊
– အစာရေမျိုပြွန် ရောင်ရမ်းတာ၊
– ကိုယ်ဝန်ရှိတာ၊
– အံကပ်တပ်ဆင်မှု မကောင်းတာ
တို့ ဖြစ်ကြပါတယ်။

ဓာတ်မတည့်မှုဖြစ်တာ၊ နှာခေါင်းမြှေး ရောင်ရမ်းတာ၊ နှုတ်ခမ်းနဲ့ လျှာလှုပ်ရှားမှု ထိခိုက်စေတဲ့ အကျိတ်ဖြစ်တာ စတဲ့ အခြေအနေတွေကြောင့် တံတွေးမျိုနှုန်း ခက်ခဲရာက သွားရည်ကျနှုန်း များတတ်ပါတယ်။ သွားရည်ကျနှုန်း များစေတဲ့ ပြင်းထန်တဲ့ အခြေအနေ တချို့ကတော့-
– တီဘီရောဂါ၊
– ခွေးရူးရောဂါ၊
– အကြောသေတာ၊
– ပါကင်ဆန်ရောဂါ၊
– လေဖြတ်တာ
စတာတို့ ဖြစ်ကြပါတယ်။

ကလေးတွေမှာ တံတွေးအထွက် များစေတဲ့ အစာတွေဖြစ်တဲ့ ကိတ်မုန့်၊ ချိုတဲ့ ဘီစကွတ်မုန့်၊ သစ်သီး ဖျော်ရည်နဲ့ အမြှုပ်ထတဲ့ အချိုရည်တွေ စားသောက်ရာက တံတွေးအထွက် များတတ်ပါတယ်။
တံတွေးအထွက် များတာက အခြေခံကျန်းမာရေး အခြေအနေတွေကြောင့် ဖြစ်ရင် ရောဂါရှာဖွေ ကုသဖို့ အရေးကြီးပါတယ်။

အောက်ပါ နေထိုင်စားသောက်မှု ပုံစံကို ကျင့်သုံးပြီး သွားရည်ကျတဲ့ ပြဿနာ လျော့ပါးအောင် လုပ်ဆောင်သင့်ပါတယ်။

(၁) အစာခြောက်များ စားပါ
ပေါင်မုန့်၊ ခရက်ကာမုန့်၊ မုန့်ချောင်း စတဲ့ အစာခြောက်တွေ စားတာကြောင့် သွားရည်ကျတာ သက်သာစေပါတယ်။ နေကြာစေ့နဲ့ အခွံမာစေ့ စားတာကြောင့် သွားရည်ကျတဲ့ ပြဿနာ လျော့ကျစေပါတယ်။

(၂) ခံတွင်းသန့်ရှင်းရေး လုပ်ဆောင်ပါ
သွားတိုက်တာ၊ ခံတွင်းသန့်ဆေးရည်နဲ့ ပလုတ်ကျင်းတာနဲ့ သွားကြားထိုးကြိုး သုံးတာတို့ကြောင့် သွားရည်အထွက်များတဲ့ ပြဿနာကို သက်သာ စေနိုင်ပါတယ်။ ခံတွင်းထဲ ပိုးဝင်တာနဲ့ ရောင်ရမ်းတာကြောင့် ဖြစ်တဲ့ သွားရည်ကျတဲ့ ပြဿနာဆိုရင် ခံတွင်း သန့်ရှင်းတာကြောင့် အဆင်ပြေသွား ပါလိမ့်မယ်။

(၃) သံပရိုသီး စားပါ
သံပရိုသီးမှာ ဗီတာမင်စီ ပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး ကူးစက်ပိုးဝင်တဲ့ ပြဿနာကို ကင်းဝေးစေပါတယ်။

(၄) လေးညင်း ကြိတ်ဝါးပါ
လေးညင်းပွင့်ကို တစ်နေ့မှာ ငါးကြိမ်နဲ့ အထက် ကြိတ်ဝါးတာကြောင့် တံတွေးဂလင်းပေါ် သက်ရောက်မှု ကောင်းစေပါတယ်။ လေးညင်းပွင့်ဟာ ခံတွင်းပိုးဝင်တဲ့ ပြဿနာနဲ့ ခံတွင်းရောင်ရမ်းမှုကို သက်သာစေပြီး သွားရည်ကျတာ လျော့ကျစေပါတယ်။

(၅) သစ်ကြားပိုးခေါက် လက်ဖက်ရည် သောက်ပါ
ဆူပွက်နေတဲ့ ရေထဲ သစ်ကြံပိုးခေါက် လက်ဖက်စားဇွန်း လေးပုံတစ်ပုံထည့်ပြီး မိနစ် ၂၀ ခန့် ထားပါ။ ပြီးရင် ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းထည့်ပြီး သောက်ပါ။
(Ref;HD)

Most Popular

Healthy Life Ad
To Top