Healthy Life Ad
Health Tips

ပျိုမေတို့ လစဉ် ခံစားနေရသည့် ရာသီအကြိုဝေဒနာအတွက် အိမ်သုံးကုထုံးများ

စူး (ဆေးဝါးတက္ကသိုလ်)

ရာသီအကြိုဝေဒနာက နုံးချည့်ညောင်းညာတာ၊ ရင်သားတောင့်တင်းတာ၊ ဝက်ခြံပေါက်တာ၊ ဝမ်းချုပ်တာ၊ ဗိုက်အောင့်တာ၊ စိတ်တိုလွယ်တာ၊ စိတ်လှုပ်ရှားတာ၊ ဗိုက်နာတာ၊ ခေါင်းကိုက်တာ၊ ဗိုက်တင်းပြီး လေပွတာ အစရှိတဲ့ ဝေဒနာတွေနဲ့ ဆက်စပ်နေပါတယ်။ လစဉ် အမျိုးသမီး ၇၅ ရာခိုင်နှုန်းခန့်ဟာ ရာသီအကြိုဝေဒနာ အနည်းဆုံး တစ်မျိုးကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် အသက် ၂၀ နဲ့ အသက် ၄၀ ကြားအရွယ်တွေမှာ ရာသီအကြို ဝေဒနာ ခံစားရတတ်ပါတယ်။

(၁) သစ်ကြားပိုးခေါက်
သစ်ကြားပိုးခေါက်မှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းပါရှိတဲ့အတွက် ဟင်းလျာတွေထဲ ထည့်ချက်စားတာကြောင့် ရာသီအကြိုဝေဒနာ လက္ခဏာတွေ ဖြစ်တဲ့ ဗိုက်အောင့်တာကို သက်သာစေပါတယ်။ သစ်ကြားပိုးခေါက်မှာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ပြီး အစာကြေစေပါတယ်။

(၂) စမုန်စပါး
စမုန်စပါးဟာ အမျိုးသမီးဟော်မုန်းတွေကို ဟန်ချက်ညီမျှစေပြီး ရာသီလာတာနဲ့ ရာသီအကြိုဝေဒနာကြောင့် ဖြစ်တဲ့ မသက်မသာ ဝေဒနာတွေကို သက်သာစေပါတယ်။ အစာကြေစေတဲ့အတွက် ရာသီလာချိန်မှာ ဖြစ်တတ်တဲ့ လေပွတာကို လျော့ကျစေတာပါ။

(၃) EPO ( Evening Primose Oil )
EPO က ရာသီအကြိုဝေဒနာ ဖြစ်တဲ့ ရင်သား တင်းမာတာကို သက်သာစေပါတယ်။ EPO မှာ GLA ( Gamma Linoleic Acid ) ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရှိ နာကျင်ရောင်ရမ်းတဲ့ ဝေဒနာကို ထိန်းညှိနိုင်ပါတယ်။

(၄) ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်း
လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်တာကြောင့် ရောဂါဝေဒနာအများစုကို သက်သာစေနိုင်ပါတယ်။ လေ့လာမှုတွေအရ လေ့ကျင့်ခန်းလုပ်တာဟာ ရာသီအကြိုမှာ စိတ်တိုဒေါသထွက်လွယ်တာနဲ့ နာကျင် ကိုက်ခဲတဲ့ ဝေဒနာတွေကို သက်သာလျော့ပါးတယ် လို့တွေ့ရှိခဲ့ရပါတယ်။

(၅) ကယ်လ်စီယမ်နှင့် မဂ္ဂနီဆီယမ်
ကယ်လ်စီယမ်က ဟော်မုန်းအဆင့်ကို ဟန်ချက်ညီအောင် ထိန်းပေးနိုင်ပြီး ရာသီအကြိုဝေဒနာ ကိုလျော့ပါးစေပါတယ်။ ဒါ့အပြင် အရိုးတွေကို ကျန်းမာစေပြီး တစ်ကိုယ်လုံး ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။ မဂ္ဂနီဆီယမ်က ရင်သားတောင့်တင်းတာ၊ လေပွတာ၊ ရေဆွဲအားများတာနဲ့ ရာသီလာစဉ် ခေါင်း တစ်ခြမ်းကိုက်တာ စတဲ့ ဝေဒနာတွေကို သက်သာ စေပါတယ်။

(၆) အိုမီဂါ ၃ ဖက်တီးအက်စစ်
အခွံမာတဲ့ အစေ့အဆန်တွေမှာ တွေ့ရတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်က လေပွတာ၊ ပူပင်သောက များတာ၊ စိတ်ဓာတ်ကျတာ၊ ခေါင်းကိုက်တာနဲ့ ရင်သားတင်းမာတာ စတဲ့ ရာသီအကြိုဝေဒနာလက္ခဏာ တွေကို သက်သာစေပါတယ်။ ဟော်မုန်းမမျှတမှုကို တည်ငြိမ်စေပြီး အီစထရိုဂျင်ဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးလို့ ဖြစ်ပါတယ်။

(၇) ရှလကာရည်
ရှလကာရည်ဟာ နုံးချည့်ညောင်းညာတာ၊ စိတ်ကတုန်ကယင်ဖြစ်တာ၊ ခေါင်းကိုက်တာ၊ လေပွတာနဲ့ ဗိုက်အောင့်တာ စတဲ့ ရာသီအကြိုဝေဒနာလက္ခဏာ တွေကို သက်သာစေပါတယ်။ ရှလကာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေတစ်ဖန်ခွက်ထဲ ထည့်သောက်ရမှာပါ။

(၈) ချင်း(ဂျင်း)
ရာသီအကြိုဝေဒနာလက္ခဏာတွေ ဖြစ်တဲ့ ဗိုက်အောင့်တာ၊ လေပွတာနဲ့ နုံးချည့်ညောင်းညာတာတွေ သက်သာစေဖို့ ချင်း(ဂျင်း)က အသုံးဝင်ပါတယ်။

Most Popular

Healthy Life Ad
To Top