Healthy Life Ad
Life Style

Scrub ကြောင့် မျက်နှာနီရဲပြီး စပ်ခြင်း

ဒေါက်တာမြတ်စန္ဒာကျော်

အရေပြားအထူးကု ဆရာဝန်ကြီး

ပါမောက္ခ၊ မြောက်ဥက္ကလာပဆေးရုံကြီး။

မေး. ခရီးသွားပြီး ပြန်လာတော့ မျက်နှာကမည်းနေလို့ ှScrub နဲ့ ပွတ်လိုက်မိပါတယ်။ မျက်နှာကနီရဲပြီးစပ်နေတယ်။ အဲဒါ ဘာလုပ်သင့်ပါသလဲရှင့်။

လွင်လွင်ဖူး၊ ပြည်

ဖြေ. Scrub ဆိုတာ နေလောင်ပြီး ပွန်းနေတဲ့ အချိန် မှာ မသုံးသင့်ပါဘူး။ Scrub လုပ်မယ်ဆိုရင် ကိုယ့်အရေပြားမှာ ဘာပြဿနာမှ ရှိမနေရဘူး၊ Scrub မလုပ်ခင်ကတည်းက နည်းနည်းစပ်သလို ခံစားနေရရင် Scrub လုပ်ပြီးတော့ ပိုစပ်သလို ခံစားရတတ်ပါတယ်။ ကုတ်ခြစ်မိရင် အရေပြားတစ်ပြင်လုံး ပူနွေးပြီးမျက်နှာမှာ အမည်းကွက်၊ အဖြူကွက်တွေ ကျန်တတ်လို့ မကုတ်ခြစ်မိအောင် အထူး သတိထားရမယ်။

Scrub ဆိုတာ အရေပြားကို ပွတ်တိုက်ပစ်တာ ဖြစ်ပါတယ်။ တကယ်တော့ အရေပြား အပေါ်လွှာကို ဆဲလ်သေလေးတွေကဖုံးပြီး ပတ်ဝန်းကျင်ဒဏ်ခံနိုင်ရည်ရှိအောင် ပြင်ဆင်ပေးထားတယ်၊ Scrub တိုက်လိုက်တော့ ဆဲလ်သေလေးတွေ မြန်မြန်ကွာသွားပြီး ပိုဖြူ၊ ပိုချောသလို ဖြစ်သွားတတ်ပါတယ်။

ဒါပေမဲ့ မျက်နှာမှာ အရေပြားရောင်ရမ်းနာ၊ နေပူလောင်ထားတဲ့အခါ Scrub မလုပ်သင့်ပါဘူး၊ အရေပြားအပေါ်လွှာလေး ပျက်သွားနိုင်တယ်၊ အရေပြား ခြောက်သွေ ့လာမယ်၊ အရေပြားမှာ အမြဲရှိနေတတ်တဲ့ ဘက်တီးရီးယား ပြည်ပိုးနဲ ့ ဝက်ခြံပိုးက အဆိုးဆုံးပေါ့၊ ပြည်တည်နာတွေ၊ ဝက်ခြံတွေ အများ ကြီးထွက်လာတတ်ပါတယ်။ Scrub မှာ ကောင်းကျိုးတွေလည်းရှိပါတယ်။ ကောင်းတဲ့အချက်ကတော့ စနစ်တကျသုံးတတ်ရင် အရေပြားအတွန့်လေးတွေ၊ အိုကြောင်းလေးတွေ ပိုသက်သာသွားနိုင်ပါတယ်၊ အရေပြားအပေါ်ယံလွှာ ပါးသွားတော့ ကိုင်ကြည့်မိရင်ချောလာသလို၊ ဖြူသွားသလိုခံစားရတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top