Healthy Life Ad
Health Tips

အရေးကြောင်းကင်းစေမည့် လေ့ကျင့်ခန်း ၇ မျိုး

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

မျက်နှာကို ပင့်တင်ပေးတဲ့ လေ့ကျင့်ခန်းတွေက ခွဲစိတ်မှုလုပ်စရာမလိုဘဲ အရေးကြောင်းကင်းစေမယ့် နည်းလမ်းတွေဖြစ်ပါတယ်။ ခွဲစိတ်ကုထုံးက ကုန်ကျစရိတ်များပြီး နာကျင်စေတဲ့အတွက် မျက်နှာလေ့ကျင့်ခန်းတွေလုပ်ရင် မျက်နှာတပြင်လုံးကို တင်းရင်းစေပါတယ်။ လွယ်ကူရိုးစင်းတဲ့ မျက်နှာလေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

alignnone size-medium wp-image-58849
(၁) နဖူးချောမွေ့စေမည့် လေ့ကျင့်ခန်း

သင့်လက်ဖဝါးတွေကို နဖူးပေါ်တင်ပါ။ သင့်လက်ခလယ်နဲ့ လက်သန်းတွေက မျက်ခုံးအထက် အရေပြားကို ဖိနှိပ်ပေးသင့်ပြီး ကျန်လက်ချောင်းတွေက နဖူးအရေပြားကို အရေးကြောင်းမထင်အောင် လုပ်ပေးသင့်ပါတယ်။ လက်ရဲ့ခုခံအားကို ကျော်လွှားရင်း မျက်ခုံးတွေကိုမြှင့်ဖို့ ကြိုးစားပါ။ နဖူးကို ဖြေလျှော့ပြီး ဒီလေ့ကျင့်ခန်းကို ၂၀ ကြိမ် ထပ်မံလုပ်ပါ။

alignnone size-medium wp-image-58850
(၂) နှုတ်ခမ်းဘေးအရေးကြောင်း ကင်းစေမည့် အပြုံးလေ့ကျင့်ခန်း

ပြုံးပါ။ နှုတ်ခမ်းဘေးအရေးကြောင်းနေရာကို လက်ချောင်းတွေနဲ့ ညင်ညင်သာသာ တွန်းတင်ပါ။ လက်ချောင်းတွေရဲ့ ဆန့်ကျင်ဘက်အတိုင်း ညင်ညင်သာသာဆွဲပါ။ လက်ချောင်းတွေရဲ့ တွန်းအားကို ဆန့်ကျင့်ပြီး ကြွက်သားဆွဲဆန့်ပေးပါ။ ၁၀ ကြိမ်ထပ်မံ ပြုလုပ်ပေးပါ။

alignnone size-medium wp-image-58851
(၃) ငယ်ရွယ်တင်းရင်းသည့် နှုတ်ခမ်းသားရရှိစေရန် လေချွန်လေ့ကျင့်ခန်း

လေချွန်သလိုမျိုးလုပ်ပြီး နှုတ်ခမ်းစူကာ ကြွက်သားတွေကို တတ်နိုင်သမျှ စုစည်းလိုက်ပါ။ ဒီအနေအထားကို ၅-၁၀ စက္ကန့်ခန့်ထားပါ။ မူလအနေအထားသို့ နှုတ်ခမ်းကို ပြန်ထားကာ လေကို ဖြည်းဖြည်းချင်း မှုတ်ထုတ်ပေးပါ။ အနည်းဆုံး ငါးကြိမ်ပြုလုပ်ပေးပါ။

alignnone size-medium wp-image-58852
(၄) နှုတ်ခမ်းထောင့်ဆွဲကျခြင်းကို တွန်းလှန်နိုင်မည့် ပါးစပ်ဆွဲဆန့်လေ့ကျင့်ခန်း

နှုတ်ခမ်းအတွင်းထောင့်မှာ လက်ချောင်းလေးတွေ တင်ပါ။ ပါးစပ်အရေပြားကို လက်ချောင်းတွေနဲ့ ညင်ညင်သာသာ ဆွဲပေးပါ။ နှုတ်ခမ်းကြွက်သား ဆွဲဆန့်တဲ့အနေနဲ့ လက်ချောင်းတွေရဲ့ ဖိအားကို တွန်းကန်ပေးပါ။

alignnone size-medium wp-image-58853
(၅) မျက်စိတဝိုက်အရေးကြောင်း တွန်းလှန်နိုင်မည့် နှာခေါင်းမှ နားရွက်အထိ နှိပ်နယ်ခြင်း

နှာခေါင်းအစွန်းနားမှာ လက်ချောင်းတွေကို တင်ပေးပါ။ နှာခေါင်းကနေ နားရွက်အထိ လက်ညှိုးထိပ်လေးတွေနဲ့ စက်ဝိုင်းပုံလှည့်လည်ကာ နှိပ်နယ်ပေးပါ။

alignnone size-medium wp-image-58854
(၆) နှာခေါင်းဘေးအရေးကြောင်း လျော့ပါးစေမည့် နှိပ်နယ်နည်း

နှုတ်ခမ်းပိတ်ပြီး နှာခေါင်းဘေးတလျှောက် လက်ညှိုးထိပ်တွေ တင်ပေးပါ။ လက်ချောင်းကို ရွေ့လျားမှုမလုပ်ဘဲ နှုတ်ခမ်းကိုစုပြီး သွားတွေကို တတ်နိုင်သမျှပိတ်ကာ ဖိပေးပါ။ အပန်းဖြေပြီးနောက် စက္ကန့်အနည်းငယ်ကြာ ကြွက်သားတင်းအားကို ထိန်းထားပေးပါ။

alignnone size-medium wp-image-58855
(၇) ပါးပြင်တင်းရင်း လန်းဆန်းစေမည့် လေ့ကျင့်ခန်း

နှာခေါင်းကတစ်ဆင့် အသက်ပြင်းပြင်းရှူသွင်းပြီး ၃-၅ စက္ကန့်ခန့် ထိန်းထားပါ။ ပါးဖောင်းပြီး လေတွေကို နှုတ်ခမ်းမဖွင့်ဘဲ ပါးစပ်ကနေ လေပြန်ထုတ်ပါ။

အကြံပြုချက်

• အရေးကြောင်းကင်းစင်ဖို့ ဗီတာမင်အီးကို လိမ်းပေးနိုင်ပါတယ်။

• အရေးကြောင်းကို တွန်းလှန်ပေးပါတယ်။

• အမာရွတ်ထင်နှုန်းကို လျော့ပါးစေပါတယ်။

• အရေပြားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

• နေဒဏ်မှ ကာကွယ်ပေးပါတယ်။

• မျက်နှာယောဂ ကျင့်ပြီးချိန်မှာ ဗီတာမင်အီးအဆီကို လိမ်းလိုက်ရင် သိသာထင်ရှားတဲ့ ရလဒ်ကို ရရှိစေပါတ

Most Popular

Healthy Life Ad
To Top