၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊
အဝလွန်နေသူတွေနဲ့ ကိုယ်အလေးချိန် များနေသူတွေ ဗိုက်ဆာတဲ့အခါ ကယ်လိုရီများတဲ့ အစာတွေကို စားမယ့်အစား အောက်ပါသစ်သီးတွေကို အစားထိုး စားပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို တကယ်လျော့ကျစေမှာပါ။
(၁) ထောပတ်သီး
ထောပတ်သီးက ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှုကို တိုးစေရုံသာမက အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ကိုယ်အလေးချိန် လျော့ကျစေတဲ့ တက်စတိုစတီရုန်း ဟော်မုန်းအဆင့်ကို မြင့်တက်စေလို့ ဖြစ်ပါတယ်။
(၂) သစ်တော်သီး
သစ်တော်သီးမှာ အမျှင်ဓာတ်ပါဝင်မှု့ များတာကြောင့် သင့်ကို ဗိုက်ပြည့်တဲ့ခံစားချက် ဖြစ်ပေါ်နေစေပြီး ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ သစ်တော်သီးကို အခွံမခွာဘဲ ရေစင်အောင် ဆေးပြီးစားရင် ပိုကောင်းပါတယ်။ အမျှင်ဓာတ်တွေက သစ်တော်သီးခွံထဲမှာ ပိုမိုပါဝင်လို့ပါ။
(၃) ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် ခန္ဓာကိုယ်ကနေ ကိုယ်အလေးချိန်တိုးစေတဲ့ အဆိပ်တွေ ထွက်ရှိသွားစေပါတယ်။
(၄) ပန်းသီး
ပန်းသီးမှာ အမျှင်ဓာတ်ပါဝင်မှု့ များတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်နှုန်း တိုးစေပြီး အချိန်ကြာကြာ ဗိုက်ပြည့်ကာ တော်ရုံနဲ့ ဗိုက်မဆာတော့ပါဘူး။
(၅) ငှက်ပျောသီး
ငှက်ပျောသီးမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်တွေ အပြည့်အဝပါဝင်တာကြောင့် အဆင်သင့် အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ နံနက်စာ စားတဲ့အခါ ငှက်ပျောသီးတစ်လုံး ထည့်စားရင် ခါးအတိုင်းအတာ သွယ်လျပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။
(၆) သစ်သီးခြောက်များ
သရေစာ စားချင်တဲ့အခါ သစ်သီးခြောက်တွေကို စားပေးတာကြောင့် သင့်ခန္ဓာကိုယ်ရှိ မကောင်းတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေပြီး သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောအဆင့် လျော့ကျကာ ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့အညီ ထိန်းညှိပေးပါတယ်။
(၇) အုန်းသီး
အုန်းရည်နဲ့ အုန်းသီးဆံကို သုံးဆောင်တာကြောင့် အချိန်ကြာကြာ ဗိုက်ပြည့်နေစေပြီး အစာစားချိန်မဟုတ်ဘဲ ဗိုက်ဆာနေတာမျိုး မဖြစ်အောင် တားဆီးပေးပါတယ်။ အုန်းသီးဆံ စားတာကြောင့် အသည်းရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ၃၀ ရာခိုင်နှုန်းနီးပါး အားကောင်းစေပါတယ်။
(၈) သံပယိုသီး
သံပယိုသီးဟာ အကောင်းဆုံး အသည်းအဆိပ် ဖြေဆေးတစ်လက်ပါ။ နံနက်တိုင်း သံပယိုသီးဖျော်ရည် တစ်ဖန်ခွက် သောက်ပေးရင် အဆီစုပုံမှု့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၉) ဂရိတ်ဖရုသီး
ဂရိတ်ဖရုသီးမှာ ရေဓာတ်ပါဝင်မှု့ မြင့်မားတာကြောင့် ကယ်လိုရီနည်းနည်းနဲ့ ဗိုက်ပြည့်သွားစေပါတယ်။
(၁၀) သလဲသီး
သလဲသီးမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှု့ မြင့်မားတာကြောင့် ခန္ဓာကိုယ်ကနေ မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ ဒါ့အပြင် အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။
(၁၁) လိမ္မော်သီး
တခြားအစာတွေ စားတာနဲ့ယှဉ်ရင် လိမ္မော်သီး စားပေးတာကြောင့် ကယ်လိုရီရယူမှု့ကို သိသိသာသာ လျော့ကျစေပြီး ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝနေစေပါတယ်။
(၁၂) သင်္ဘောသီး
သင်္ဘောသီးမှာ ပက်ပိန်းအင်ဇိုင်း ပါဝင်တာကြောင့် အူကတစ်ဆင့် အစာချေဖျက်နှုန်း မြန်စေပြီး ကိုယ်အလေးချိန် လျော့ကျစေပါတယ်။
(Ref;HD)