Healthy Life Ad
Health Tips

သင့်ကျန်းမာရေး ပိုကောင်းလာစေရန် နှိပ်နယ်ပေးသင့်သော ခြေဖဝါးခြောက်နေရာ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

တစ်ကိုယ်လုံးမှာ နာ့ဗ်ကြောအစွန်အဖျား သန်းနဲ့ချီပြီး ရှိပါတယ်။ အဲဒီ့နေရာတချို့ကို လှုံ့ဆော်လိုက်တာကြောင့် သင့်တစ်ကိုယ်လုံးကျန်းမာရေးအပေါ် ကြီးမားတဲ့သက်ရောက်မှု့ ရှိပါတယ်။ ခြေဖဝါးရှိ နာ့ဗ်အစွန်အဖျားတွေပေါ် ဖိအားသက်ရောက်တာ၊ နှိပ်ပေးတာကြောင့်လှုံ့ဆော်မှုဖြစ်ပြီး သွေးလှည့်ပတ် မှု့ကောင်းတာ၊   သွေးဖိအားနဲ့ ဟော်မုန်းအဆင့် ကောင်းမွန်တာ စတဲ့ ကောင်းကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု့ လျော့ကျပြီး အိပ်မပျော်တဲ့ ရောဂါကို သက်သာစေပါတယ်။ ခြေဖဝါးရဲ့ ဒီနေရာခြောက်ခုကို နှိပ်ပေးတာကြောင့် တစ်ကိုယ်လုံး ကိုက်ခဲနာကျင်တဲ့ ဝေဒနာ၊ ဆီးကျောက် တည်တာ၊ ဆီးချို ရောဂါနဲ့ အဆစ်ရောင်နာ စတဲ့ဝေဒနာတွေကို သက်သာစေပါတယ်။

(၁) ခန္ဓာကိုယ် သွယ်လျလိုသလား

– ခြေမကို နှိပ်ပါ
ခြေမကို နှိပ်ပေးတာကြောင့် အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တယ်လို့ ခြေဖဝါးအနှိပ် ပညာရှင်တွေက ဆိုပါတယ်။ အဆီအအိမ့်များတဲ့ အစာတွေ မြင်တဲ့အခါ စားချင်စိတ်ကို ထိန်းနိုင်စေဖို့ ခြေမကို နှိပ်ပေးသင့်ပါတယ်။

(၂) စိတ်ဖိစီးမှု လျော့ကျလိုသလား

– ခြေမအရင်းကို နှိပ်ပါ
ရေချိုးတာ၊ စာဖတ်တာနဲ့ သီချင်းနားထောင်တာ စတဲ့အပြုအမူတွေက စိတ်ဖိစီးမှု့ လျော့ကျစေတဲ့ နည်းလမ်းတွေပါ။ ခြေမအရင်းကို နှိပ်ပေးတာကြောင့် စိတ်ဖိစီးမှုနဲ့ တင်းအားကို လျော့ပါးစေပါတယ်။ ခြေမအရင်းကို နှိပ်ပေးတာကြောင့် သိုင်းရွိုက်ဂလင်းကို ကျန်းမာစေပြီး စိတ်ဖိစီးမှု့ကို သက်သာစေပါတယ်။

(၃) စိတ်အပန်းပြေလိုသလား

– ခြေဖဝါးအလယ်ကို နှိပ်ပါ
နာ့ဗ်ကြော အစွန်အဖျားတွေ စုဝေးနေတဲ့ ခြေဖဝါးအလယ်နေရာကို နှိပ်နယ်တာကြောင့် အပန်းပြေစေပြီး အသက်ရှူတဲ့စနစ်ကို ကောင်းမွန် တိုးတက်စေပါတယ်။ အကြောင်းကတော့ ရင်ဝမ်းတား ကြွက်သားအပေါ် ကောင်းမွန်တဲ့ သက်ရောက်မှု့ ရှိတာကြောင့်ပါ။

(၄) ဟော်မုန်းတွေ ဟန်ချက်ညီလိုပါသလား  

– ခြေမအလယ်နေရာကို နှိပ်ပါ
ခြေမအလယ်နေရာကို နှိပ်ပေးတာကြောင့် ပီကျူထရီဂလင်းပေါ်မှာ ကောင်းမွန်တဲ့ သက်ရောက်မှု့ ဖြစ်စေနိုင်ပါတယ်။ ပီကျူထရီဂလင်းဟာ ခန္ဓာကိုယ်က တခြားဂလင်းတွေကို ထိန်းချုပ်ပေးပါတယ်။ ဒီလို နှိပ်ပေးတာက ဟော်မုန်းအဆင့်ကို ပုံမှန်ဖြစ်စေပြီး အပန်းပြေစေပါတယ်။

(၅) အဆိပ်အတောက် ကင်းစင်လိုပါသလား

– ခြေဖနောင့်ဝန်းကျင်ကို နှိပ်ပါ
ခြေဖနောင့်ဝန်းကျင်နေရာကို နှိပ်နယ်ပေးတာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်ရဲ့ စွန့်ထုတ်တဲ့စနစ်ကို လှုံ့ဆော်ပေးနိုင်လို့ပါ။ သင်စားတဲ့ အစာထဲမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ အများအပြားထည့်စားရင်လည်း အဆိပ်အတောက်တွေ ပြေစေနိုင်ပါတယ်။

(၆) ပင်ပန်းနွမ်းနယ်မှု့ ပြေပျောက်လိုပါသလား

– ခြေဖဝါးဘေးနေရာကို နှိပ်ပါ
အမြဲတမ်း ပင်ပန်း နွမ်းနယ်နေပါသလား။ ဒါဆိုရင် ခြေဖဝါးဘေးနေရာတွေကို နှိပ်နယ်ပေးလိုက်ပါ။ အကြောင်းကတော့ အဲဒီနေရာမှာရှိတဲ့ နာ့ဗ်ကြောတွေက အဒရီနယ်ဂလင်းနဲ့ ဆက်စပ်နေလို့ ဖြစ်ပါတယ်။ အဒရီနယ်ဂလင်းကို လှုံ့ဆော်ပေးတဲ့အခါ စိတ်ခံစားမှု့ လန်းဆန်းစေတဲ့ အဒရီနယ်လင်ဓာတ်တွေ အထွက်တိုးတတ်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top