Healthy Life Ad
Life Style

အချဉ်ဖောက်ထားသော အစာတို့ စားခြင်းဖြင့် ရရှိနိုင်သော ကောင်းကျိုးများ

စူး (ဆေးဝါးတက္ကသိုလ်)

ကင်မ်ချီ၊ဂေါ်ဖီချဉ်၊မုန်ညင်းချဉ် အစရှိတဲ့ အချဉ်ဖောက်ထားတဲ့ အစာတွေကို လတ်လတ်ဆတ်ဆတ် အခြေအနေမှာ စားတာကြောင့် ကျန်းမာရေး ကောင်းကျိုးတွေ ရရှိစေနိုင်ပါတယ်။

(၁)အချဉ်ဖောက်ထားတဲ့ အစာတွေကို စားတာကြောင့် တချို့ရောဂါတွေရဲ့ ဖြစ်စဉ်ကို နှေးကွေးစေပြီး အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေကာ အစာ ကြေညက်စေပါတယ်။

(၂)အချဉ်ဖောက်ထားတဲ့ အစာတွေကို စားတာကြောင့် အူလမ်းကြောင်းရှိ ဘက်တီးရီးယားမျှခြေကို ကောင်းမွန်စေပြီး အစာခြေလမ်းကြောင်းရှိ အင်ဇိုင်းတွေကို လှုံ့ဆော်ပေးတာကြောင့် သင်စားလိုက်တဲ့ အစာထဲကနေ အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူရရှိစေနိုင်ပါတယ်။

(၃)သင်နေ့စဉ်စားတဲ့ အစာထဲ အချဉ်ဖောက်ထားတဲ့ အစာထည့်စားလေ့ရှိတာကြောင့် ဖြည့်စွက်အာဟာရတွေများများ မှီဝဲစရာမလိုဘဲ ကျန်းမာနေစေပါတယ်။

(၄)အချဉ်ဖောက်ထားတဲ့ အစာတွေမှာ အကျိုးပြုဘက်တီးရီးယား ပါဝင်တာကြောင့် ဝမ်းချုပ်တဲ့ဝေဒနာ လျော့ပါးစေပြီး ဝမ်းမှန်စေပါတယ်။

Most Popular

Healthy Life Ad
To Top