Healthy Life Ad
Life Style

လတ်ဆတ်သော နာနတ်သီး ဖျော်ရည်

လတ်ဆတ်တဲ့ နာနတ်သီးဖျော် ရည်တစ်ဖန်ခွက်သောက်တာကြောင့် သင့်ကို လန်းဆန်းစေနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

နာနတ်သီးစိတ် အနည်းငယ်
     ပျားရည် ထမင်းစားဇွန်းတစ်ဇွန်း
    ပြုလုပ်နည်း

နာနတ်သီးစိတ်တွေကို မွှေစက်ထဲထည့်မွှေပြီး ပျားရည်နဲ့ ရောမွှေပါ။ ပြီးရင် ရေခဲရေ တစ်ဖန်ခွက်ထည့်ပါ။

   ရရှိသော အာဟာရဓာတ်များ

နာနတ်သီးမှာ အမျှင်ဓာတ်ပါဝင်တဲ့အတွက် အူလမ်းကြောင်းနဲ့ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်ပါဝင်မှု များပါတယ်။

  အစာကြေစေပါတယ်

နာနတ်သီးဖျော်ရည်ရဲ့ သဘာဝ အက်ဆစ်ဂုဏ်သတ္တိဟာ အစာကြေစေပြီးအာဟာရဓာတ်တွေကို ကောင်း ကောင်း ရရှိစေပါတယ်။ ပန်ကရိယရဲ့လုပ်ငန်း ဆောင်တာတွေကို ကောင်းစေပြီးအစာ ကြေညက်စေပါတယ်။

    အရိုးတွေကို သန်မာစေပါတယ်

ကယ်လ်စီယမ်က အရိုးသန်မာစေတဲ့ အရေးကြီးသတ္တုဓာတ်တစ်မျိုးပါ။ မဂ္ဂနိစ်ကလည်း အရိုးတွေကို သန်စွမ်းစေပါတယ်။နာနတ်သီးဖျော်ရည် တစ်ခွက် သောက်ရင် တစ်နေ့တာလိုအပ်တဲ့မဂ္ဂနိစ်  ၇၃ ရာခိုင်နှုန်း ရရှိစေပါတယ်။

     မျက်စိကျန်းမာစေပါတယ်

နာနတ်သီးဖျော်ရည်မှာ ဗီတာမင် အေများစွာပါဝင်တာကြောင့် မျက်စိနဲ့ အမြင်အာရုံကို ကျန်းမာစေပါတယ်။ လေ့လာမှုအရ နာနတ်သီးဖျော်ရည်မှာ အင်တီအောက်ဆီးဒင့်ပါဝင်တာကြောင့် မျက်စိ အာရုံခံလွှာထိခိုက်မှု မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ နာနတ်သီးဖျော်ရည်ကိုပုံမှန်သောက်ရင် မက်ကူ လာယိုယွင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

    ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပါ တယ်

နာနတ်သီးဖျော်ရည်မှာ ဗီတာမင်စီပါဝင်တဲ့အတွက် အသားအရေ၊ သွားနဲ့ သွားဖုံးတွေကိုကျန်းမာစေပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ကိုလည်း သန်စွမ်းစေတဲ့အတွက် နာမကျန်းမှုအမျိုးမျိုးကို တွန်းလှန်နိုင်ပါတယ်။

     ရောင်ရမ်းမှုကို တွန်းလှန်ပေးပါတယ်

နာနတ်သီးဖျော်ရည်သောက်တာ ကြောင့် ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါ၊ အဝလွန်ရောဂါနဲ့ တခြားရောဂါ ဝေဒနာတွေနဲ့ ဆက်စပ်နေတဲ့ နာတာ ရှည်ရောင်ရမ်းမှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။

     အဆစ်ရောင်နာကို သက်သာစေပါတယ်

နာနတ်သီးဖျော်ရည်မှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိတဲ့အတွက် ပုံမှန် သောက်ရင် အဆစ်ရောင်နာဝေဒနာကို သက်သာစေပါတယ်။

     သွေးတိုးကို ထိန်းပေးပါတယ်

လတ်ဆတ်တဲ့ နာနတ်သီးဖျော်ရည်မှာ ပိုတက်ဆီယမ်ပါဝင်မှုများ တာကြောင့် သွေး မတိုးအောင် ကာကွယ်ပေးပါတယ်။ ဆိုဒီယမ်ပါဝင်မှုနည်းတဲ့ အတွက် သွေး တိုးရောဂါရှိသူတွေနဲ့သင့်တော်ပါတယ်။

    ကင်ဆာတွန်းလှန်နိုင်စွမ်းရှိပါတယ်

နာနတ်သီးဖျော်ရည်မှာပါတဲ့ ဘရိုမီလိန်းဟာ အစွမ်းထက် ကင်ဆာဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ ဆေးပညာ ရှင်တွေက ဆိုပါတယ်။ နာနတ်သီးဖျော်ရည်က ကင်ဆာဆေးသွင်းကုထုံးနဲ့ တွဲဖက်ပြီး ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုနဲ့ ပွားများမှုကိုချိုးနှိမ်ပေးနိုင်စွမ်းရှိပါတယ်။ အင်တီအောက်ဆီးဒင့်များစွာရှိတဲ့ အတွက် ကင်ဆာ အမျိုးမျိုးကို တွန်းလှန်ပေးပါတယ်။

Ref: HD

Most Popular

Healthy Life Ad
To Top