Healthy Life Ad
Health Tips

နာနတ်သီးစားသင့်သော နောက်ထပ်အကြောင်းပြချက် ငါးရပ်

———၊ ငွေကြယ်စင်ယံ ၊———

နာနတ်သီးဟာ ပင်ပန်းနွမ်းနယ်နေချိန်မှာ စားသင့်တဲ့ အရည်ရွှမ်းသစ်သီး တစ်မျိုးပါ။ အင်တီအောက်ဆီးဒင့် အပြည့်အဝပါဝင်တဲ့ အသီးလည်းဖြစ်ပြီး သွေးကြောကျဉ်းတာ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ အမျိုးမျိုးတို့လို ရောဂါတွေကို တွန်းလှန်ပေးနိုင်စွမ်းလည်း ရှိပါတယ်။ ဒါ့အပြင် နာနတ်သီးစားတာကြောင့် အစာကြေညက်စေပြီး ကိုယ်ခံအားစနစ်ကို သန်စွမ်းစေပါတယ်။ ဒါ့အပြင် သင့်ကျန်းမာရေးအတွက် နာနတ်သီးစားသင့်တဲ့ နောက်ထပ်အကြောင်းပြချက်တွေလည်း ရှိနေပါတယ်။

(၁) နာနတ်သီးမှာ မဂ္ဂနိစ်ပမာဏအများအပြား ပါဝင်တာကြောင့် အရိုး၊ အဆစ်တွေကို သန်စွမ်းကျန်းမာစေပါတယ်။

(၂) သကြားမပါတဲ့ နာနတ်သီးဖျော်ရည်တစ်ခွက် သောက်တာကြောင့် သွားဖုံးတွေကို ကျန်းမာစေပြီး သွားတွေကို သန်စွမ်းစေပါတယ်။

(၃) နာနတ်သီးမှာ ဘီတာကယ်ရိုတင်း ပါဝင်မှုများတဲ့အတွက် အသက်ကြီးချိန် အဖြစ်များတဲ့ မက်ကူလာယိုယွင်းပျက်စီးမှုကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(၄) နာနတ်သီးမှာ အမျှင်ဓာတ်များများ ပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့အတွက် ကိုယ်အလေးချိန်လျော့ကျရေးမှာ အထောက်အကူ ဖြစ်စေပါတယ်။

(၅) နာနတ်သီးစားတာကြောင့် ခန္ဓာကိုယ်ရဲ ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေပြီး ဆံပင်၊ အသားအရေနဲ့ လက်သည်း၊ ခြေသည်းတွေကို အားဖြည့်ပေးပါတယ်။

Most Popular

Healthy Life Ad
To Top