———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———
ဟယ်ရီရဲ ့ ဇနီးဖြစ်သူ မီဂန်မာကဲလ်က ကလေးမွေးပြီးချိန်မှာတောင် သူ့ကိုယ်သူကျန်းမာအောင်၊ ကိုယ်နေဟန်တင့်တယ်အောင် ချက်ချင်းပြန်ထိန်းသိမ်းနိုင်ခဲ့သူပါ။ သူဘယ်လို နေထိုင်စောင့်ရှောက်သလဲဆိုတာကို မျှဝေပေးထားပါတယ်။
(၁) ကိုယ်ဟန်တင့်တယ်စေမယ့် ရွှေရောင်စည်းမျဉ်းတွေကို လိုက်နာသူပါ
မီဂန်မာကဲလ်က ဖက်ရှင်ကျကျနေတတ်သူဖြစ်သလို ကိုယ်နေဟန်တင့်တယ်အောင် အမြဲလေ့ကျင့်ခန်းလုပ်တတ်ပါတယ်။ ဒီအကျင့်ကောင်းကြောင့် သားဦးလေးမွေးပြီး မကြာခင်မှာ မီဂန်ဟာ ကျက်သရေရှိရှိနဲ့ စမတ်ကျကြည့်ကောင်းနေရတာ ဖြစ်ပါတယ်။
(၂) ယောဂကျင့်ရတာ သဘောကျတယ်
မီဂန်က ယောဂကျင့်ရတာကို အလွန်အမင်းသဘောကျပြီး ယောဂဖျာတစ်ချပ်နဲ့ မကြာခဏ လေ့ကျင့်ခန်းလုပ်တတ်သူပါ။ ဒါက ယောဂနည်းပြတစ်ဦးဖြစ်တဲ့ သူ့မိခင်ဆီက အကျင့်ကောင်းရခဲ့တာဖြစ်ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ယောဂကျင့်ခဲ့သူလည်း ဖြစ်ပါတယ်။ စိတ်နဲ့ခန္ဓာတည်ငြိမ်စေဖို့ မီဂန်က တစ်နေ့နှစ်ကြိမ် တရားထိုင်လေ့ ရှိပါတယ်။
(၃) တစ်ခါတရံ သက်သတ်လွတ်စားသူဖြစ်တယ်
မီဂန်က ကျန်းမာရေးနဲ့အညီ အစာစားလေ့ရှိသူဖြစ်ပြီး တစ်ခါတလေ သက်သတ်လွတ်စားတတ်သူပါ။ တစ်ပတ်လုံး အပင်ထွက်အစားအသောက်တွေကိုပဲစားပြီး အားလပ်ရပ်တွေမှာ အစားအသောက်ကို ကြိုက်တာလေးတွေ ရွေးစားတတ်ပါတယ်။
(၄) ကော်ဖီမစွဲလမ်းဘူး
မီဂန်က တစ်ချိန်လုံး ကော်ဖီမှကော်ဖီဆိုပြီး စွဲနေသူမဟုတ်ဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစိမ်းရောင်သစ်သီးဝလံဖျော်ရည်တွေကို သောက်လေ့ရှိပါတယ်။ အဲဒီလိုဖျော်ရည်သောက်တာက ရေဓာတ်ပြည့်ဝစေပြီး အာဟာရရှိစေပါတယ်။ ပန်းသီး၊ ကိုက်လန်၊ ဟင်းနုနယ်ရွက်၊ ချင်း(ဂျင်း)နဲ့ လီမွန်သီးပေါင်းစပ်ထားတဲ့ ဖျော်ရည်က မီဂန်အကြိုက်ဆုံး အရည်ပါ။
(၅) ဟင်းကောင်းကောင်းချက်တတ်တယ်
မီဂန်က ဟင်းချက်ရတာကို သဘောကျပြီး တစ်ချိန်လုံး ဟင်းချက်တဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတတ်ကြပါတယ်။ ဟင်းသီးဟင်းရွက် ဟင်းလျာထဲ ဟင်းခတ်အမွှေးအကြိုင်ထည့်ပြီး ချက်ပြုတ်စားသောက်လေ့ရှိသူပါ။
(၆) ဝိုင်ကြိုက်တယ်
မီဂန်က ဝိုင်သောက်လေ့ရှိတယ်။ ဝိုင်နီက နှလုံးကျန်းမာရေး ကောင်းစေတဲ့အတွက် သူအကြိုက်ဆုံးပါ။ မီဂန်က ဝိုင်နီကို အသင့်အတင့် သောက်တတ်ပြီး တခြားသူတွေကိုလည်း ဝိုင်နီသောက်ဖို့ အကြံပြုတတ်ပါတယ်။
(၇) ရေဓာတ်ပြည့်ဝအောင် ထိန်းသိမ်းတယ်
မီဂန်က ရေကိုကောင်းကောင်းသောက်တတ်ပြီး တစ်နေ့မှာ ရေနှစ်လီတာ အနည်းဆုံးသောက်လေ့ရှိပါတယ်။ လီမွန်ရည်က သူအကြိုက်ဆုံး သောက်စရာတစ်မျိုးပါ။