Healthy Life Ad
Health Tips

မီဂန်မာကဲလ် သူ့ကိုယ်သူကျန်းမာအောင် ဘယ်လိုနေထိုင်စောင့်ရှောက်သလဲ . . .

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ဟယ်ရီရဲ့  ဇနီးဖြစ်သူ မီဂန်မာကဲလ်က ကလေးမွေးပြီးချိန်မှာတောင် သူ့ကိုယ်သူကျန်းမာအောင်၊ ကိုယ်နေဟန်တင့်တယ်အောင် ချက်ချင်းပြန်ထိန်းသိမ်းနိုင်ခဲ့သူပါ။ သူဘယ်လို နေထိုင်စောင့်ရှောက်သလဲဆိုတာကို မျှဝေပေးထားပါတယ်။

alignnone size-medium wp-image-60316
(၁) ကိုယ်ဟန်တင့်တယ်စေမယ့် ရွှေရောင်စည်းမျဉ်းတွေကို လိုက်နာသူပါ

မီဂန်မာကဲလ်က ဖက်ရှင်ကျကျနေတတ်သူဖြစ်သလို ကိုယ်နေဟန်တင့်တယ်အောင် အမြဲလေ့ကျင့်ခန်းလုပ်တတ်ပါတယ်။ ဒီအကျင့်ကောင်းကြောင့် သားဦးလေးမွေးပြီး မကြာခင်မှာ မီဂန်ဟာ ကျက်သရေရှိရှိနဲ့ စမတ်ကျကြည့်ကောင်းနေရတာ ဖြစ်ပါတယ်။

alignnone size-medium wp-image-60317
(၂) ယောဂကျင့်ရတာ သဘောကျတယ်

မီဂန်က ယောဂကျင့်ရတာကို အလွန်အမင်းသဘောကျပြီး ယောဂဖျာတစ်ချပ်နဲ့ မကြာခဏ လေ့ကျင့်ခန်းလုပ်တတ်သူပါ။ ဒါက ယောဂနည်းပြတစ်ဦးဖြစ်တဲ့ သူ့မိခင်ဆီက အကျင့်ကောင်းရခဲ့တာဖြစ်ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ယောဂကျင့်ခဲ့သူလည်း ဖြစ်ပါတယ်။ စိတ်နဲ့ခန္ဓာတည်ငြိမ်စေဖို့ မီဂန်က တစ်နေ့နှစ်ကြိမ် တရားထိုင်လေ့ ရှိပါတယ်။

alignnone size-medium wp-image-60318
(၃) တစ်ခါတရံ သက်သတ်လွတ်စားသူဖြစ်တယ်

မီဂန်က ကျန်းမာရေးနဲ့အညီ အစာစားလေ့ရှိသူဖြစ်ပြီး တစ်ခါတလေ သက်သတ်လွတ်စားတတ်သူပါ။ တစ်ပတ်လုံး အပင်ထွက်အစားအသောက်တွေကိုပဲစားပြီး အားလပ်ရပ်တွေမှာ အစားအသောက်ကို ကြိုက်တာလေးတွေ ရွေးစားတတ်ပါတယ်။

alignnone size-medium wp-image-60319
(၄) ကော်ဖီမစွဲလမ်းဘူး

မီဂန်က တစ်ချိန်လုံး ကော်ဖီမှကော်ဖီဆိုပြီး စွဲနေသူမဟုတ်ဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစိမ်းရောင်သစ်သီးဝလံဖျော်ရည်တွေကို သောက်လေ့ရှိပါတယ်။ အဲဒီလိုဖျော်ရည်သောက်တာက ရေဓာတ်ပြည့်ဝစေပြီး အာဟာရရှိစေပါတယ်။ ပန်းသီး၊ ကိုက်လန်၊ ဟင်းနုနယ်ရွက်၊ ချင်း(ဂျင်း)နဲ့ လီမွန်သီးပေါင်းစပ်ထားတဲ့ ဖျော်ရည်က မီဂန်အကြိုက်ဆုံး အရည်ပါ။

alignnone size-medium wp-image-60321
(၅) ဟင်းကောင်းကောင်းချက်တတ်တယ်

မီဂန်က ဟင်းချက်ရတာကို သဘောကျပြီး တစ်ချိန်လုံး ဟင်းချက်တဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတတ်ကြပါတယ်။ ဟင်းသီးဟင်းရွက် ဟင်းလျာထဲ ဟင်းခတ်အမွှေးအကြိုင်ထည့်ပြီး ချက်ပြုတ်စားသောက်လေ့ရှိသူပါ။

alignnone size-medium wp-image-60320
(၆) ၀ိုင်ကြိုက်တယ်

မီဂန်က ၀ိုင်သောက်လေ့ရှိတယ်။ ၀ိုင်နီက နှလုံးကျန်းမာရေး ကောင်းစေတဲ့အတွက် သူအကြိုက်ဆုံးပါ။ မီဂန်က ၀ိုင်နီကို အသင့်အတင့် သောက်တတ်ပြီး တခြားသူတွေကိုလည်း ၀ိုင်နီသောက်ဖို့ အကြံပြုတတ်ပါတယ်။

alignnone size-medium wp-image-60322
(၇) ရေဓာတ်ပြည့်ဝအောင် ထိန်းသိမ်းတယ်

မီဂန်က ရေကိုကောင်းကောင်းသောက်တတ်ပြီး တစ်နေ့မှာ ရေနှစ်လီတာ အနည်းဆုံးသောက်လေ့ရှိပါတယ်။ လီမွန်ရည်က သူအကြိုက်ဆုံး သောက်စရာတစ်မျိုးပါ။

alignnone size-medium wp-image-60325

Most Popular

Healthy Life Ad
To Top